“အိန္ဒိယနိုင်ငံတွင် ဘုရားဖူးဘတ်စ်ကား ချောက်ထဲသို့ ထိုးကျခဲ့မှုကြောင့် ၁၀ ဦး သေဆုံးကာ ၅၅ ဦး ဒဏ်ရာရရှိခဲ့”

မေလ ၃၀

အိန္ဒိယနိုင်ငံ Jammu မြို့ရှိ အိန္ဒိယနိုင်ငံ၏ နာမည်ကြီး ဟိန္ဒူနတ်ကွန်းတစ်ခုဖြစ်သည့် Vaishno Devi သို့ ဘုရားဖူးခရီးသည်များ တင်ဆောင်လာသော ဘတ်စ်ကားတစ် ၁စီး သည်ယနေ့မေလ ၃၀ရက်နေ့တွင် Jammu and Kashmir ဒေသ၏ Reasi မြို့အနီးရှိ တံတား တစ်ခုပေါ်တွင် မတော်တဆ လမ်းချော်မှု ဖြစ်ပွားခဲ့ပြီး ချောက်ထဲသို့ ထိုးကျသွား ခဲ့တာဖြစ်ပါတယ်။

အဆိုပါ မတော်တဆ ဖြစ်ပွားခဲ့မှုတွင် အနည်းဆုံးလူ ၁၀ ဦး သေဆုံးခဲ့ရပြီး လူ ၅၅ဦးထိ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါတယ်လို့ အိန္ဒိယဒေသခံ သတင်းဌာနများမှ ဖော်ပြပြောဆိုထားကြပါတယ်။