မန်ယူနိုက်တက်၏ တစ်နှစ်တာအကောင်းဆုံးဆုကို တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် ရရှိ

မန်ယူနိုက်တက်အသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ဆွတ်ခူးရရှိခဲ့ပါတယ်။
ဆာမတ်ဘတ်စ်ဘီဆုဟုလည်း အမည်ခေါ်တွင်သည့် ယင်းဆုကို ၁၉၉၈ ခုနှစ်က ရိုင်ယန်ဂစ် ရရှိပြီးနောက် အသင်းအကယ်ဒမီထွက် ကစားသမားများထဲမှ ရပ်ရှ်ဖို့ဒ်က ပထမဆုံး ဆွတ်ခူးခဲ့ခြင်းလဲဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ အသင်းဖော်များမှရွေးချယ်သည့်အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပြီး ပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းကာ ၁၁ ဂိုး ဖန်တီးခဲ့ပါတယ်။

Photo: Man Utd