“ဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရသည့် မော်စကို”

မေလ ၃၀

ရုရှားနိုင်ငံ၏ မော်စကိုမြို့၏ မြို့တော်ဝန် Sergey Sobyanin က ယနေ့မေလ ၃၀ရက်နေ့နံနက်ပိုင်း တွင် မော်စက်ိုမြို့ကို ဒရုန်းများဖြင့်တိုက်ခိုက်ခံရမှုများနှင့်ပတ်သက်သည့် အချက် အလက်အချို့ကို ထုတ်ပြန်ခဲ့ပါတယ်။

“ဒီမနက်အစောပိုင်းက UAV ဖြင့် တိုက်ခိုက်မှုကြောင့် အဆောက်အဦး အများအပြား ပျက်စီးမှုများဖြစ်ပေါ် ခဲ့ပါတယ်။ မြို့ရဲ့ အရေးပေါ် ဝန်ဆောင်မှုတွေ အားလုံးက အခင်းဖြစ်ပွားရာနေရာမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို ရှာဖွေနေကြပါတယ်။ အခုချိန်ထိ ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသူ မရှိသေးပါဘူး။ ရုရှားနိုင်ငံ၏ တရားဝင်သတင်းရင်း မြစ်များကို သာ ယုံကြည်ကြရန်နှင့် မစစ်ဆေးရသေးသော အချက်အလက်များကို ဖြန့်ဝေခြင်းများ မပြုကြရန်” လည်း ၎င်းကပြောဆို ထားပါသေးတယ်။

ရုရှားနိုင်ငံ မော်စကိုဒေသ၏အုပ်ချုပ်ရေးမှူး Andrey Vorobyov ကလည်း အဆိုပါ တိုက်ခိုက်မှုများ နှင့် ပတ်သက်ပြီး ကြေညာချက်များ ထုတ်ပြန်ခဲ့ပါတယ်။ “ဒီမနက်က မော်စကိုဒေသရဲ့ နေရာအချို့တွေမှာ နေထိုင်ကြသူတွေဟာ ပေါက်ကွဲသံတွေကို ကြားခဲ့ရပါတယ်၊ အဲဒါက ကျွန်တော်တို့နိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေး မှ မော်စကိုမြို့ကိုချဥ်းကပ်လာတဲ့ ဒရုန်းတွေက်ို ပစ်ချခဲ့တာဖြစ်တာဖြစ်ပါတယ်။ ပြည်သူတွေ စိတ်အေးအေးထားကြပါ။ အရေးပေါ် ဝန်ဆောင်မှု အားလုံး လုပ်ဆောင်နေပါတယ်”လို့ ၎င်း က တရားဝင် သတင်းထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။