“တရုတ်နိုင်ငံ Huawei ICT နိုင်ငံတကာပြိုင်ပွဲတွင် အောင်ပွဲရ အနိုင်ယူခဲ့သည့် Algeria”

မေလ ၃၀

တရုတ်နိုင်ငံ ရှန်ကျန်မြို့တွင် ကျင်းပခဲ့သည့် နိုင်ငံတကာ Huawei ICT ပြိုင်ပွဲတွင် အယ်လ်ဂျီးရီးယား နိုင်ငံကိုယ်စားပြု အသင်းများသည် ပြီးခဲ့သည့် မေလ ၂၇ရက်နေ့က Cloud နှင့် Network နည်းပညာ ဆိုင်ရာ အမျိုးအစားများတွင် ပထမဆုကို ရရှိခဲ့ကြတာဖြစ်ပါတယ်။ ​အာဖရိကတိုက်မှ အခြားအဖွဲ့ တစ်ဖွဲ့သည် Computing နည်းပညာ ဆိုင်ရာ အမျိုးအစားတွင် ဒုတိယဆု ကို ရရှိခဲ့တာ ဖြစ်ပြီး Algerianနိုင်ငံ၏ သမ္မတAbdelmadjid Tebboune က အဆ်ိုပါ အောင်မြင်မှုများကို အသိအမှတ်ပြုကြောင်း ၎င်း၏ Social Media ပေါ်တွင်ဖော်ပြခဲ့ပြီး နောက် အောင်မြင်ခဲ့ကြသူများ ကို Algeria နိုင်ငံ၏ အစိုးရပုဂ္ဂိုလ် အများအပြားက ဂုဏ်ပြုလွှာများ ပေးပို့ခဲ့ကြတာ လည်းဖြစ်ပါတယ်။

“Batna, Bejaia, Algiers, Algiers , Blida, Saida, Sidi Bel Abbès, Oran နှင့် Tlemcen တို့၏ တက္ကသိုလ်များ ကျောင်းများ မှ ကျောင်းသားများအားလုံးကို ဂုဏ်ပြုပါတယ်။ တရုတ်နိုင်ငံ Shenzhen မြို့တွင် ကျင်းပ ပြုလုပ် ခဲ့သည့် နိုင်ငံတကာ နည်းပညာပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုနေရာများကို ရရှိခဲ့ကြသည့်အတွက် ဂုဏ်ယူပါတယ်” လို့ သမ္မတ Abdelmadjid Tebboune က၎င်း၏ social media စာမျက်နှာ ပေါ်တွင်ဖော်ပြပြောဆိုထားပါတယ်လို့ သတင်းဌာနများမှ ဖော်ပြပြောဆိုနေကြပါတယ်။