ကျားဖြူစစ်ကြောင်းမှ PDF တစ်ဦး အလင်းဝင်ရောက်

မေ ၃၀
      ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ကရင် ပြည်နယ်၊မြဝတီမြို့နယ်၊သင်္ကန်းညီနောင်တပ်နယ်တွင် ပြစ်မှုကျူးလွန်ထားခြင်းမရှိသော အမည်မဖော်လိုသူ PDF တစ်ဦး(လက်နက်မဲ့) အလင်းဝင်ရောက်လာကြောင်း သတင်းရရှိပါသည်။

    အလင်းဝင်ရောက်လာသူ PDF မှာ ကျားဖြူတပ်ခွဲမှ …… (၂၂) နှစ်၊ (ဘ) ဦး….ဆိုသူဖြစ်ပြီး ……ကို မေးမြန်းရာ “KNU နယ်မြေအတွင်းမှာ အလင်းဝင်ချင်တဲ့ PDF တွေမှ အများကြီးပဲ၊ မိန်းကလေး PDF တွေဆိုရင် နေ့တိုင်း ငိုယိုနေကြရတယ်၊ သူတို့လက်က လွတ်အောင်ပြေးနိုင်တဲ့နေ့ အလင်းဝင်လာမဲ့နေ့ပဲ၊ တချို့ဆိုရင် ထောင်ကျရင် ကျပါစေ၊ စစ်တပ်ဆီမှာပဲ ထောင်ကျခံမယ်လို့ကို ပြောကြတာ၊ တစ်ရက်တစ်ရက် ဒုက္ခတွေနဲ့ ငရဲခန်းကြီးလို ဖြစ်နေတာဗျ”ဟု ၎င်း၏ ပြောပြချက်အရ သိရှိရပါသည်။

#PAN