အောင်မြေသာစံမြို့နယ်တွင် လျှပ်စစ်ဓါတ်အားခွဲရုံကို PDF အမည်ခံ လူသတ်အကြမ်းဖက်များကလက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေး*****************************************မေ ၃၀     ယနေ့ နံနက် ၁၀ နာရီ ၁၅ မီးနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ဒေါနဘွားရပ်ကွက်၊၆၆လမ်း၊၁၇×၁၈လမ်းကြားရှိ နန်းရှေ့တိုက်တော် လျှပ်စစ်ဓါတ်အားခွဲရုံကို PDF အမည်ခံအကြမ်းဖက်လူငယ် ၂ ဦးစီးနင်းလာသည့် ဆိုင်ကယ်ပေါ်မှ ကွန်ကျူးပိုက်အပြာရောင်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။        လက်လုပ်မိုင်းမှာ ဓါတ်အားခွဲရုံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် AG-20000 ဗို့အားရှိ ဘာဂျာတံခါး ပေါက်ကွဲပျက်စီးခဲ့ပြီး ဆီများပန်းထွက်ကာ ကျပ်သိန်း ၁၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။    PDF အမည်ခံလူသတ်အကြမ်းဖက်များအနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးအကြောင်းပြပြီး လက်ရှိအစိုးရကို အုပ်ချုပ်မှုခက်ခဲစေရန် ရည်ရွယ်၍ ယခုလို အကြမ်းဖက်ဖျက်ဆီးရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းသည် အစိုးရထက် ပြည်သူလူထုကို ပိုမိုသက်ရောက်မှုရှိပြီး အခက်အခဲဖြစ်စေကြောင်း ပြည်သူများထံမှ ကြားသိရပါသည်။ #PAN