“အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဟောလီးဝုဒ် ကမ်းခြေအနီး သေနတ်ဖြင့်ပစ်ခံရမှု အများအပြား ဖြစ်ပွားခဲ့”

မေလ ၃၀

အမေရိကန်နိုင်ငံ Florida ပြည်နယ် Hollywood ကမ်းခြေအနီးတွင် လူအုပ်စုနှစ်စုကြား ရန်ပွဲဖြစ်ပွား ခဲ့ပြီး သေနတ်များဖြင့်ပစ်ခတ်မှုများ ဖြစ်ပေါ်ကာ အနည်းဆုံး လူ ၉ ဦးဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတင်ထားရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Margaritaville Hollywood ကမ်းခြေ အပန်းဖြေစခန်းအနီးတွင် တနင်္လာနေ့မွန်းလွဲပိုင်းက ပစ်ခတ်မှုများဖြစ်ပွားခဲ့တာဖြစ်ပြီးက အဆိုပါ ပစ်ခတ်မှု တွင် ဒဏ်ရာရသူ အနည်းဆုံး ၃ ဦးမှာ အရွယ်မ ရောက်သေးသူများဖြစ်ကြောင်းလည်းဖော်ပြ ပြောဆိုထားပါတယ်။

ပြီးခဲ့သည့် မေလ ၂၉ရက် နေ့ညနေခင်း တွင်ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲတွင် ဆေးရုံတင်ထား ရသောဒဏ်ရာရရှိခဲ့ကြသူတွေရဲ့အခြေအနေတွေကိုမသိရသေးဘူးလို့ Hollywood မြို့၏ ရဲတပ်ဖွဲ့ လူထုသတင်း အချက်အလက်ပြန်ကြားရေးမန်နေဂျာ Deanna Bettineschi က ပြောကြားခဲ့ ပါတယ် လို့ သတင်းဌာနများ ကဖော်ပြပြော ဆိုနေ ကြပါ တယ်။