သထုံမြို့နယ်၊သိမ်ဆိပ်တိုက်နယ်တွင် PDF အမည်ခံလူသတ်အကြမ်းဖက်သောင်းကျန်းသူများက တပ်မတော်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက် အရပ်သားပြည်သူများစီးနင်းလိုက်ပါသည့် ယာဥ်ကိုထိမှန်

မေ ၃၀

      ယနေ့ နံနက် ၈ နာရီ ၅ မီးနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊သထုံမြို့နယ်၊သိမ်ဆိပ်တိုက်နယ်၊ဒုံဝန်းကျေးရွာအုပ်စု၊ PTTဆီဆိုင်ရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းမ မိုင်တိုင်အမှတ် (၁၃၁/၁)နှင့် (၁၃၁/၂)အကြားတွင် PDF အမည်ခံလူသတ်အကြမ်းဖက်သောင်းကျန်းသူ (စိစစ်ဆဲ)အဖွဲ့မှ တပ်မတော်ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

     ထိုသို့ PDF လူသတ်အကြမ်းဖက်သောင်း ကျန်းသူများက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်နေစဥ် ဘီးလင်း မြို့ဘက်မှ သထုံမြို့ဘက်သို့ မောင်းနှင်လာသော ယာဉ်မောင်း ဦးအေးဝင်း(၆၃)နှစ်၊ (ဘ) ဦးကျော်သန်း၊ ဗမာ/ဗုဒ္ဓ၊ယာဉ်မောင်း၊ ၁/၁၂ ရပ်ကွက်၊လှိုင်သာယာမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် သန့်ဇင်ဝင်း၊ ၂၄ နှစ်၊(ဘ)ဦးအေးဝင်း၊ ဗမာ/ဗုဒ္ဓ၊ ယာဉ်နောက် လိုက်၊ လိပ်စာတူနှင့် မဂျူးဂျူး၊ ၂၃ နှစ်၊(ဘ)ဦးအောင်မင်း၊ ဗမာ/ဗုဒ္ဓ၊မီခို၊လိပ်စာတူ နေသူတို့ လိုက်ပါလာသည့် ယာဉ်အမှတ် YGN-12 6M/8583၊ Nessan အမျိုးအစား (၆)ဘီး ယာဥ်(အိမ်ပြောင်းပစ္စည်းများ တင်ဆောင်လာသည့် အစိမ်းရောင်ယာဉ်ကို ထိမှန်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ပစ်ခတ်မှုများကြောင့် မဂျူးဂျူး တွင် (ဝဲ)ဦးခေါင်းချိုစောင်း ၁ လက်မခန့် ပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊(ဝဲ)ဘက်လက်ဖမိုး ၁ လက်မခန့် ဖေါက်ဝင် ဒဏ်ရာ ၁ ချက်(စိုးရိရ)ရရှိခဲ့ကြောင်း၊ဒဏ်ရာရရှိသူ လူနာကို မိုးကောင်းလူမှုကူညီရေး အသင်းမှ ယာဉ်ဖြင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးပြီး ဆေးကုသမှုခံယူလျှက်ရှိကြောင်း
၊ပစ်ခတ်မှုကြောင့် မော်တော်ယာဥ်ခေါင်းပိုင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများကို တွေ့ရှိရကြောင်း သတင်းရရှိပါသည်။

#PAN