Skip to content
Friday, January 3, 2025
Responsive Menu
Telegram
Youtube
TikTok
Facebook
Positive Angle News
Search
Search
Home
ပြည်တွင်းသတင်း
နိုင်ငံတကာသတင်း
စီးပွားရေး
အားကစား
နည်းပညာ
ကျန်းမာရေး
ရုပ်သံသတင်း
Entertainment
ဆောင်းပါးကဏ္ဍ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ရေးမြို့တွင် အလင်းဝင်လူငယ်နှစ်ဦးကို မိဘများထံသို့ ပြန်လည်အပ်နှံ*****************************************မေ ၃၀ ယနေ့ နံနက် ၉ နာရီအချိန်တွင်မွန်ပြည်နယ်၊ ရေးမြို့၊ စကခ(၁၉)ရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သော ဥပဒေဘောင်အတွင်း လက်နက်ခဲယမ်းဖြင့် အလင်းဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF များအား ဆုကြေးငွေထောက်ပံ့ခြင်းနှင့် မိဘများထံသို့ ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ အခမ်းအနားကို ဒုစကစမှူး၊ တပ်နယ်တပ်ရင်းမှ အရာရှိများ၊ ခစဖ(ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊မစဖ (ဥက္ကဋ္ဌ) နှင့်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလင်းဝင်လူငယ် ၂ ဦးနှင့် ၎င်း၏မိဘများ၊ စုစုပေါင်းအင်အား ၃၅ ဦးခန့်တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် အလင်းဝင်လူငယ်နှစ်ဦးကဒုစကစမှူးထံ အလင်းဝင်လက်နက်ကို အပ်နှံခဲ့ပြီးခစဖ(ဥက္ကဋ္ဌ)မှ ဆုကြေးငွေများပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် အလင်းဝင်များကို ၎င်းတို့၏ မိဘများထံသို့ပြန်လည်အပ်နှံ၍ အခမ်းအနားကို နံနက် ၉ နာရီခွဲအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။ #PAN
May 30, 2023
PAN
Post navigation
“ဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရသည့် မော်စကို”
အောင်မြေသာစံမြို့နယ်တွင် လျှပ်စစ်ဓါတ်အားခွဲရုံကို PDF အမည်ခံ လူသတ်အကြမ်းဖက်များကလက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေး*****************************************မေ ၃၀ ယနေ့ နံနက် ၁၀ နာရီ ၁၅ မီးနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ဒေါနဘွားရပ်ကွက်၊၆၆လမ်း၊၁၇×၁၈လမ်းကြားရှိ နန်းရှေ့တိုက်တော် လျှပ်စစ်ဓါတ်အားခွဲရုံကို PDF အမည်ခံအကြမ်းဖက်လူငယ် ၂ ဦးစီးနင်းလာသည့် ဆိုင်ကယ်ပေါ်မှ ကွန်ကျူးပိုက်အပြာရောင်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။ လက်လုပ်မိုင်းမှာ ဓါတ်အားခွဲရုံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် AG-20000 ဗို့အားရှိ ဘာဂျာတံခါး ပေါက်ကွဲပျက်စီးခဲ့ပြီး ဆီများပန်းထွက်ကာ ကျပ်သိန်း ၁၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။ PDF အမည်ခံလူသတ်အကြမ်းဖက်များအနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးအကြောင်းပြပြီး လက်ရှိအစိုးရကို အုပ်ချုပ်မှုခက်ခဲစေရန် ရည်ရွယ်၍ ယခုလို အကြမ်းဖက်ဖျက်ဆီးရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းသည် အစိုးရထက် ပြည်သူလူထုကို ပိုမိုသက်ရောက်မှုရှိပြီး အခက်အခဲဖြစ်စေကြောင်း ပြည်သူများထံမှ ကြားသိရပါသည်။ #PAN