မြောက်ပိုင်းမဟာမိတ် မြောက် ၃ ကောင် တပ်မတော်နဲ့ငြိမ်းချမ်းရေးဆွေးနွေမည်

မေ ၃၀

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့်

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ တအောင်းအမျိုးသား

လွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့ မိုင်းလားမြို့၌

တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများ၏ ကြားဝင်ညှိနှိုင်းပေးမှုအရ ၂၀၂၃ခုနှစ်၊ မေလ

(၃၀)ရက်နေ့တွင် မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီ/မြန်မာအမျိုးသားဒီမို

ကရက်တစ်မဟာမိတ်တပ်မတော်(MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်

ဦး/တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့

ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)မှ ကိုယ်စားလှယ်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူး

ဒေသ(၄) မိုင်းလားမြို့ သို့ အသီးသီး ရောက်ရှိလာပြီဖြစ်ပြီး ဇွန်လ(၁)ရက်နေ့တွင် အမျိုးသား

စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ ကိုယ်စားလှယ်များနှင့်

တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားမည်ဖြစ်ပါသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင်

သည်လည်း မိုင်းလားမြို့ သို့ ရောက်ရှိနေပြီဖြစ်ပြီး ဆွေးနွေးပွဲအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက်

တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖြစ် ပါဝင်သွားမည်ဖြစ်ပါသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူး

ဒေသ(၄)ဘက်မှ နေထိုင်စားသောက်မှုနှင့် လုံခြုံရေးများကို တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။