ဖားကန့်မြို့နယ်၊ ငါးဂမ်ပို့စ်အနီးတဝိုက်တွင် ဆက်ကြေးကောက်ခံနေသော အကြမ်းဖက်သောင်းကျန်းသူ KIA အဖွဲ့ကို နယ်မြေလှုပ်ရှားစစ်ကြောင်းက ရှင်းလင်း၊ KIA ၃ ဦးအရှင်မိ

မေ ၃၀

    ယမန်နေ့ မွန်းလွဲပိုင်းက ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ငါးဂမ်ပို့စ်အနီးတဝိုက်တွင် ဆိုင်ကယ်တစ်စီးလျှင် ၂ သောင်းကျပ်နှုန်း၊ မော်တော်ကားတစ်စီးလျှင်  ၅ သောင်းကျပ်နှုန်းဖြင့် အကြမ်းဖက်သောင်းကျန်းသူ KIA အဖွဲ့က ဆက်ကြေးကောက်ခံနေကြောင်း ခရီးသွားအချို့မှ သတင်းပေးပို့ခဲ့မှုကြောင့် နယ်မြေလှုပ်ရှားစစ်ကြောင်းက သွား ရောက်ရှင်းလင်းခဲ့ကြောင်း သိရှိရပါတယ်။

   ထိုသို့ နယ်မြေရှင်းလင်းရာ အကြမ်းဖက်သောင်းကျန်းသူ KIA အဖွဲ့ ၅ ဦးခန့်နှင့် တွေ့ရှိ၍ ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးမှာ ဆိုင်ကယ်တစ်စီးဖြင့် ထွက် ပြေးလွတ်မြောက်သွားပြီး ၃ ဦးကို အရှင်ဖမ်းဆီးမိခဲ့ပါတယ်။

     ၎င်း အကြမ်းဖက်သောင်းကျန်းသူ KIA ၃ ဦးနှင့်အတူ အပေါ့စား တရုတ်စက်လက် ၁ လက်၊M-22 သေနတ် ၃ လက်၊ ကြိုးဆွဲလက်ပစ်ဗုံး ၆ လုံး၊ ကျည်အိမ် ၉ ခု၊ ကျည်ဆန် ၄၀၀ ကျော်နှင့် Equipment ၃ စုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါတယ်။

#PAN