ဒေသခံ တာဝန်သိပြည်သူများ၏ သတင်းပေးမှုအရ ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့အနီးမှ PDF အမည်ခံ လူသတ်အကြမ်းဖက်များ၏ လက် နက်နှင့် ဆက်စပ်ပစ္စည်း များကို သိမ်းဆည်းရမိ


မေ ၃၀

    ယမန်နေ့က ဒေသခံ တာဝန်သိပြည်သူများ၏
သတင်းပေးမှုအရ ဧရာဝတီတိုင်းဒေသကြီး၊ဟိုင်းကြီးကျွန်းမြို့၊သံပုရာကုန်းကျေးရွာ အနောက်ဘက်တောထဲရှိ တဲ ၂ လုံးအတွင်းမှ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDFများ၏  လက်နက်နဲ့ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရှိရပါတယ်။

    အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ PDF များ၏ တဲ ၂ လုံးအတွင်းမှ လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်သေနတ်ပြောင်း ၃ခု၊၁၂ဗို့ ကျည် ၂၄တောင့်၊ ၁၂ဗို့ ကျည်ခွံ ၃ခု၊ လက်လုပ်သေနတ်ကျည်ပြုလုပ်ရန် ကော်ပိုက် ၇၉ ခု၊ လက်လုပ်ဘောသီး ၂၈၀ လုံး၊ ယမ်းမှုန့် ၇၅ကျပ်သား ၁ ဘူး၊စနက်တံ ၉၆ ခု၊ လက်လုပ်မိုင်း ဖြူ့စ် ၄၀ ခု၊ လက်လုပ် ယမ်းမှုန့် ၆ပိသာ ၂ ပုံး၊ ဒူးလေး ၂ လက်၊ ၂လက်မ သံပိုက် ၁၁ ခု၊ဆိုလာပြား ၁ ချပ်၊ဆေးမျိုးစုံ ၁ ထုပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း
သတင်းရရှိပါတယ်။

      ငြိမ်းချမ်းမှုကို လိုလားသော ဒေသခံပြည်သူ များအနေဖြင့် PDF အမည်ခံ လူသတ်အကြမ်း ဖက်များ၏ သတင်းများကို ထိုကဲ့သို့ နီးစပ်ရာ လုံခြုံရေးအဖွဲ့အစည်းများသို့ ပေးပို့ခြင်းဖြင့် ကူညီပေးကြပါရန် အသိပေးအပ်ပါသည်။

PAN