ကချင်ပြည်နယ်၊ဖားကန့်ကျောက်စိမ်းလုပ်ကွက်များအတွင်း တရားမဝင် ကျောက်စိမ်းတူးဖော်နေသော ယာဉ်နှင့်စက်ယန္တယားများဖမ်းမိ

မေ ၃၀

       ကချင်ပြည်နယ်၊လုံးခင်း/ဖားကန့်နယ်မြေအတွင်း တရားမဝင်ကျောက်စိမ်းတူးဖော်နေကြောင်း ဒေသခံများ၏သတင်းပေးချက်အရ မေလ ၂၈ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများက ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။

   ထိုသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ မြေသယ်ယာဉ် ၆ စီး၊ ဘက်ဟိုးယာဉ် ၄ စီး၊ လျှပ်စစ်ဒီတိုနေတာ ၃၅၇ ချောင်း၊ မီးရှို့စနက်ကြိုး ၁၃ ခွေ၊ ကော့တက်ယမ်းကြိုး ၉ ခွေ၊ ဖွဲယမ်း ၇၇ အိတ်တို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိ စက်ယန္တယားများနှင့် ယာဉ်များကို ဥပဒေနှင့်အညီ နိုင်ငံ တော်ပိုင်အဖြစ် သိမ်းဆည်းသွားမည်​ဖြစ်ကြောင်း
သတင်းရရှိပါသည်။

     အဆိုပါ လုံးခင်း/ဖားကန့်နယ်မြေအတွင်း ကျောက်စိမ်းတူးဖော်ခြင်းကို ယခင်အစိုးရလက်ထက်ကတည်းက တားမြစ်ရပ်ဆိုင်းထားခဲ့သော်လည်း ကျောက် စိမ်းလုပ်ငန်းရှင်များအနေဖြင့် တရားမဝင် ထုတ်လုပ်မှုများရှိနေကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရပါတယ်။

PAN