အကြမ်းဖက် KNU/PDF များမှ အပြစ်မဲ့ပြည်သူ ၂ ဦးအား အကြောင်းမဲ့ ပစ်ခတ်၊ ၁ ဦး သေဆုံး


မေ ၂၀

       ယနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊စခန်းကြီကျေးရွာအုပ်စု၊ ဝဲတော်ကျေးရွာနေ အပြစ်မဲ့ပြည်သူ မောင်လှထွန်းအောင်၊ ၁၆ နှစ်နှင့် မောင်ကျော်၊၁၆ နှစ်၊(ဘ)ဦးငလှ၊ ကရင်/ဗုဒ္ဓ၊ ကျဘမ်းလုပ်၊ ဝဲတော်ကျေးရွာ၊ သံဖြူဇရပ်မြို့နယ်နေသူ ၂ ဦးကို လူသတ်အကြမ်းဖက်KNU/PDFများက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။

   ဖြစ်စဥ်မှာ ဝဲတော်ကျေးရွာနေ မောင်ကျော် နှင့် မောင်လှထွန်းအောင် ဆိုသူ ၂ ဦးမှာ ထင်းရှူးကျေးရွာမှ ဝဲတော်ကျေးရွာဘက်သို့ ဆိုင်ကယ်စီးနင်းလာစဥ် လူသတ်အကြမ်းဖက် KNU/PDF များ၏ အကြောင်းမဲ့ ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှု့ကြောင့် မောင်လှထွန်းအောင် မှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး မောင်ကျော် မှာ ညာနားထင်၊ ညာဝမ်းဗိုက်ထိမှန်ဒဏ်ရာရရှိကာ ဖြစ်စဥ်နေရာတွင် သေဆုံးခဲ့ကြောင်းနှင့် ၎င်းတို့ စီးနင်းလာသော WAVE အမျိုးအစား ဆိုင်ကယ်အား အကြမ်းဖက် KNU/PDF များမှ ယူ ဆောင်သွားကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN