သပိတ်ကျင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ တစ်ဦးကို လူသတ်အကြမ်းဖက် PDF များက သတ်ဖြတ်

    

  

  

မေ ၂၉

     ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်၊ကြာညှပ်ကျေးရွာအုပ်စု၊ကိုးပင်ကျေးရွာနေ ကိုဟိန်းဝင်းဇော်၊၂၂နှစ်၊(ဘ)ဦးဖိုးဇော်သည် ၎င်းပိုင် အခင်းတောသို့ နွားစာပြောင်းကြဲရန် သွားရောက်စဥ် လူသတ်အကြမ်းဖက် PDF ၆ ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ကိုဟိန်းဝင်းဇော်တွင် နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ ၂ချက်၊ယာ-လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဆီးခုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရပါသည်။

   အဆိုပါ သေဆုံးသူ ကိုဟိန်းဝင်းဇော်သည် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ၊ကြာညှပ်ကျေးရွာအုပ်စု၊ရပ်/ ကျေးပါတီဥက္ကဌ ဦးစိုးတင့်၏သားမက်ဖြစ်ကြောင်း သိရပါသည်။

   တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့ စစ်အာဏာရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြကြောင်း၊ ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ​ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေကြောင်း သိရပါသည်။

https://t.me/positiveanglenews

#PAN