“ရုရှားနိုင်ငံ၏Almaz-Anteyလုပ်ငန်းစုကြီးမှ လျှပ်စစ်ကားမော်ဒယ်လ်အသစ်များကို စတင်ထုတ်လုပ်မည်”

မေလ.၁၆

လျှပ်စစ်မော်တော်ယာဥ်မိုက်ခရို L-type လို့အမည်ပေးထားသော အဆိုပါ လျှပ်စစ်မော်တော်ကားများကို လာမည့်မေလ ၂၆ရက်နေ့တွင် ရုရှားနိုင်ငံ St.Petersburg တွင်ပြုလုပ်ကျင်းပမည့် ကားမိတ်ဆက်ပွဲကြီး တွင်ပြသပေးသွားမှာလည်းဖြစ်ပါတယ်။ ရုရှား ရူဘယ် ၈ဝဝ,ဝဝဝ (ကန်ဒေါ်လာ ၁၀,၀၀၀ ခန့်) ဖြင့် လျှပ်စစ်ကားစီးရေ ၁၀ဝဝဝ မှ ၁၄ဝဝဝ ထိ ထုတ်လုပ်နိုင်ရန် စီစဉ်ထားပြီး လာမည့် ၂၀၂၄ခုနှစ်တွင် စတင်ရောင်းချသွားမှာလည်းဖြစ်ပါတယ်။

အဆိုပါလျှပ်စစ်မော်တော်ယာဥ် L-typeအမျိုးအစား ၏ အစိတ်အပိုင်းအားလုံးကို ရုရှားနိုင်ငံတွင် ထုတ်လုပ်သွားမှာဖြစ်ပြီး အမြန်နှုန်း – 90 km/h (56 mph)၊ အကွာအဝေး – 183 km (114 mi)မှာ တစ်ကြိမ် အားသွင်းပေးရမှာလည်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံအတွင်း အစောပိုင်းကာလတွင် ဒုံးပျံထုတ်လုပ်မှု များပြုလုပ်ခဲ့သည့် Almaz-Antey လုပ်ငန်းစု၏စက်ရုံတစ်ခုတွင် E-Nevaအမျိုးအစား လျှပ်စစ်ကားများ အမြောက် အမြားထုတ်လုပ်နိုင်ရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သတင်းဌာနများ ကဖော်ပြပြောဆိုထား တာလည်းဖြစ်ပါတယ်။