“ရုရှားနိုင်ငံမှ ဒီဇယ်သန်းပေါင်းများစွာမှာယူပြီး ဥရောပတိုက်ကို ပြန်လည်တင်သွင်းနေသည့် ဆော်ဒီအာရေးဗီးယား”

မေလ ၂၉

ဆော်ဒီအာရေးဗီးယားနိုင်ငံသည် အနောက်အုပ်စု ဥရောပမှ ကူးသန်းရောင်းဝယ်ခွင့်မပြုထားသော ရုရှားနိုင်ငံ၏ ဒီဇယ်စည် သန်းပေါင်းများစွာကို မှာယူနေတာဖြစ်ပြီး တစ်ချိန်တည်းတွင် ၎င်းတို့နိုင်ငံ၏ ကိုယ်ပိုင်လောင်စာသုံးပစ္စည်းများကို EUအတွင်းရှိ ဝယ်ယူသူများထံ ပြန်လည်ပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။

Bloombergသတင်းဌာန၏ယခုနှစ်မေလ ထုတ်ပြန်ခဲ့သောအစီအရင်ခံစာများတွင် ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ပြီးခဲ့သည့် ဧပြီလတွင် ရုရှားနိုင်ငံမှ ဒီဇယ်နှင့် ဓာတ်ဆီများကို တစ်နေ့လျှင် စည်ပေါင်း ၁၇၄,၀၀၀ ကျော်ထိ တင်သွင်းနေတာဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဆော်ဒီအာရေးဗီးယား နိုင်ငံသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက ရုရှားနိုင်ငံကို ကျော်တတ်ကာ ဥရောပတိုက်၏ ထိပ်တန်း လောင်စာဆီ တင်သွင်းပေးနေသော နိုင်ငံဖြစ်လာခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ဖောက်ဖျက်၍ ရုရှားနိုင်ငံမှ ရေနံများ လောင်စာဆီများကို ယခုနှစ်တွင်ပိုမို တင်သွင်းနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်လို့ ဖော်ပြပြောဆိုထားပါတယ်။