ယနေ့ မေလ ၁၉ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ပြည်ခိုင်ဖြိုး ဥက္ကဌ ဦးခင်ရီနှင့် အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိပြီး ရခိုင်ပြည်နယ်ပါတီရုံး၌ လေဘေးဒဏ်ခံရသော ပါတီဝင်များအားတွေ့ဆုံခဲ့သည်။

ထို့နောက် ပါတီဥက္ကဌ ဦးခင်ရီမှ လေဘေးဒဏ်ခံရသော ပါတီဝင်များအား အားပေးစကားပြောကြားပြီး ပါတီဝင်များမှ မိမိတို့ ရပ်/ ကျေး အခြေအနေများနှင့် ပျက်စီးဆုံးရှုံးနေမှုများအား ​တင်ပြခဲ့ကြသည်။ ဆက်လက်၍ ပါတီဥက္ကဌကြီးမှ လေဘေးဒဏ်ခံခဲ့ရသော ပါတီဝင်မိသားစုများအား ခေါက်ဆွဲခြောက်များ ပံ့ပိုးလှူဒါန်းခဲ့သည်။

ဆက်လက်၍ ပါတီဥက္ကဌကြီးနှင့်အဖွဲ့သည် ပျက်စီးသွားသည့် ပါတီဝင်များ၏ နေအိမ်များသို့သွားရောက်ကာ မိသားစုဝင်များအား အားပေးစကားများသွာရောက်ပြောကြားခဲ့ပြီး စစ်တွေမြို့၏အခြေအနေများအား သွားရောက်ကြည့်ရှူ့ခဲ့ကြသည်။