မွန်ပြည်နယ်၊ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်အတွင်း အကြမ်းဖက် လူသတ်သမား PDF များက လူသတ်အကြမ်းဖက်မှုများပြုလုပ်


မေ ၁၈

     မွန်ပြည်နယ်၊ရေးခရိုင်၊ရေးမြို့နယ်၊နှစ်ကရင်ကျေးရွာရှိ ရဲစခန်းနှင့် ကျေးရွာအုပ်ချပ်ရေးမှူး တို့အားလုပ်ကြံ ပစ်ခတ်ရန် အတွက် ယမန်နေ့က အကြမ်းဖက်လူသတ်သမား ဗိုလ်ရန်နိုင် ခေါင်းဆောင်သည့် အကြမ်းဖက် PDF အဖွဲ့သည် အဆိုပါရွာသို့ သွားရောက်ခဲ့ရာ အုပ်ချုပ်ရေးမှူးမှာ ကျေးရွာတွင် ရှိမနေခြင်း ၊ ရဲစခန်းမှ ရဲများသည် လွန်ခဲ့သည့် ၆ လခန့်က စခန်းမီးရှို့ခံခဲ့ရ၍ ခမရ(၃၁၆)အမြောက်တပ်တွင် တွဲ၍နေထိုင်တာဝန်ထမ်းဆောင်လျှက်ရှိပြီး ရဲစခန်းဝင်းအား ပိတ်ထားသဖြင့် အဆိုပါ PDF အဖွဲ့က  ရဲစခန်းတွင် ရဲတပ်သားများမရှိခြင်းကြောင့် ရဲစခန်းအဝတွင် ဓာတ်ပုံရိုက်ကာ  လိုင်းပေါ်တင်ခဲ့ကြောင်း၊ ၄င်းအပြင် အုပ်ချုပ်ရေးမှူးအား လုပ်ကြံရန် ရှာမတွေ့သဖြင့် ကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။

     အလားတူ ယနေ့ နံနက် ၉ နာရီ ၁၀ မီးနစ်အချိန်ခန့်က အကြမ်းဖက်သောင်းကျန်းသူ KNU/PDF ပူးပေါင်းအင်အား ၃၀ ဦးခန့်က သံဖြူဇရပ်မြို့နယ်၊အနင်းကျေးရွာထဲသို ဝင်ရောက်လာခဲ့ပြီး အနင်းကျေးရွာနေ အပြစ်မဲ့ပြည်သူ ကိုထိုက်စိုး၊၂၈နှစ်၊ လယ်ယာလုပ်ကိုင်သူနှင့် ကိုမိုးဇော်ဦး ၃၆ နှစ်၊(ဘ) ဦးကွန်တစ်(ကျဘမ်း)အနင်းကျေးရွာ၊ သံဖြူဇရပ်မြို့နယ်နေသူတို့ ၂ ဦးကို အကြောင်းမဲ့ ပစ်ခတ်သွားခဲ့ပါသည်။

      အကြမ်းဖက် KNU/PDF များ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အနင်းကျေးရွာသားဖြစ်သူ ကိုထိုက်စိုးမှာ ညာပေါင်ရှပ်မှန် ဒဏ်ရာရရှိခဲ့ပြီး ကိုမိုးဇော်ဦး မှာ လက်နက်ငယ်ကျည် နဖူးဖောက်ဝင်၊နောက်စေ့ဖောက်ထွက်ဒဏ်ရာ ၁ ချက်ရရှိခဲ့ကာ ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ကြောင်းနှင့် ယခုလိုသတ်ဖြတ်ရခြင်းအကြောင်းအရင်းကို မသိရသေးကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN