ဇေယျာသီရိမြို့နယ်၊ကန်သာအေးကျေးရွာတွင် ကြေးနန်း ကြိုး(မိုးကြိုးလွှဲကြိုး)ကို ထိမိပြီး ဓာတ်လိုက်မှုဖြစ်ပွား


မေ ၂၀

       နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ရေဆင်းအုပ်စု၊ကန်သာအေးကျေးရွာတွင်  ယနေ့ နံနက်
၁၀ နာရီအချိန်ခန့်က ကန်သာအေးကျေးရွာ ဦးသန်းလွင်၏ နေအိမ်အနီးရှိ လျှပ်စစ်ဓာတ်တိုင်းအနားလမ်းမပေါ်တွင် ကလေးများကစားနေစဉ် ဓာတ်တိုင်အားချီ၍ ဓာတ်တိုင်ခြေ မြေကြီးထဲတွင် သံငုတ်ရိုက်စိုက်  သွယ်တန်းထားသော ကြေးနန်း ကြိုး(မိုးကြိုးလွှဲကြိုး)ကို ယင်းရွာမှမောင်ဖြိုးမာန်ခေတ်၊ ၅ နှစ်၊(ဘ )ဦးအောင်ချမ်းမြေ့က ကိုင်မိသဖြင့် ဓာတ်လိုက်ခဲ့ပါသည်။

    ထိုသို့ဓာတ်လိုက်နေစဉ် ဦးသန်းလွင်၏သားဖြစ်သူ မှ ဝါးလုံးရှည်တုတ်ဖြင့်  ထိုး၍ကယ်တင်ခဲ့ရာ မောင်ဖြိုးမာန်ခေတ်သည် နေရာတွင် သတိလစ်မေ့မြောကာ ပါးစပ်မှ အမြှုပ်များထွက်လာသဖြင့် ကုတင် ၅၀ ဇေယျာသီရိမြို့နယ်ဆေးရုံမှတစ်ဆင့် ကုတင် ၃၀၀ အငြိမ်းစားဆေးရုံ၊ပုဗ္ဗသီရိမြို့နယ် သို့ ပို့ဆောင် ဆေးကုသမှုခံယူခဲ့ရပါသည်။

     အလားတူ အဆိုပါရွာရှိ ဦးမဲးလုံး၏ နေအိမ်အနီးတွင်  နွားတစ်ကောင်သည်လည်း ကြေးနန်း ကြိုး(မိုးကြိုးလွှဲကြိုး)ကို ထိမိပြီး ဓာတ်လိုက်ကာ လဲကျခဲ့ကြောင်း သတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN