အာဖရိကမှ သမ္မတ ခြောက်ဦးကို မော်စကိုနှင့် ကိယက်ဗ်သို့ စေလွှတ်မည်


မေ ၁၉

      တောင်အာဖရိကနိုင်ငံခြားရေးဝန်ကြီးဌာနက အာဖရိကသမ္မတ ခြောက်ဦးသည် နှစ်နိုင်ငံကြား စေ့စပ်ညှိနှိုင်းမှုများကို လွယ်ကူချောမွေ့စေရန် မျှော်လင့်ချက်ဖြင့် မော်စကိုနှင့် ကိယက်ဗ် သို့ မကြာမီ ပူးတွဲသွားရောက်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ ကြိုးပမ်းမှုအသေး စိတ်အချက်အလက်များကို အပြီးသတ်လုပ်ဆောင်နေဆဲဖြစ်သော်လည်း ၎င်းတို့၏မစ်ရှင်သည် ဇွန်လအစောပိုင်းတွင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း Bloomberg က ဖော်ပြခဲ့သည်။

“အနည်းဆုံးတော့ အပစ်အခတ် ရပ်စဲရေးဆီ ရောက်အောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ နိုင်ငံ တော် အကြီးအကဲ ခြောက်နိုင်ငံ မြို့တော် နှစ်ခုကြား ဖြတ်သွားမယ်” ဟု နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Zane Dangor က ပြော သည်။

https://t.me/positiveanglenews

PAN