ရေဦးမြို့နယ်အတွင်း ပြည်ခိုင်ဖြိုးပါတီဝင်များကို အကြမ်းဖက် လူသတ်သမား PDF များက ဖမ်းဆီး သတ်ဖြတ်


မေ ၁၇

     ယမန်နေ့ ည၁၀ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးမြို့နယ်၊တူမောင်းကျေးရွာနေ
ဦးတင်မောင်ဌေး၊၃၉နှစ်၊(ဘ) ဦးဘိုးရိတ်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်မျိုး၊ ၃၇ နှစ်၊(ဘ) ဦးခင်ရှောင်တို့ကို နေအိမ်တွင်ရှိနေစဥ် အကြမ်းဖက်သောင်း ကျန်းသူ PDF များက လာရောက်သတ်ဖြတ်သွားကြောင်း သိရှိရပါသည်။

      ထို့အပြင် ရေဦးကုန်းအုပ်စု၊နွားပေါင်ကျေးရွာပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ထားသည့် အိမ်မှ ဇင်ကိုကိုထွန်း၊၁၈ နှစ်(ဘ)ဦးသိန်းထွန်း ကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် အကြမ်းဖက်လူသတ်သမားPDFများက နေအိမ်မှဖမ်းဆီးသွားကြောင်း သတင်းရရှိပါသည်။

   အဆိုပါ အသတ်ခံရသူများနှင့် ဖမ်းဆီးခံရသူတို့မှာ ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ကြပြီး အကြမ်း ဖက်လူသတ်သမား PDF များ၏ သတ်ဖြတ်မှုကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်နှင့် ဝန်ရံသူ စုစုပေါင်း ၂၄၀၀ ကျော် အသတ်ခံထားရကြောင်း ပြည်ခိုင်ဖြိုးပါတီနှင့် နီးစပ်သူထံမှ သိရှိရပါသည်။

https://t.me/positiveanglenews