ရေတာရှည်မြို့နယ်ရှိ အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ၊ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးတစ်ဦးလည်းဖြစ်သူ၏ နေအိမ်ကို လူသတ်အကြမ်းဖက် KNU /PDF များက မီးရှို့ဖျက်ဆီး


မေ ၂၀

    ယမန်နေ့ နံနက် ၁ နာရီခွဲအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့နယ်၊ကဲလင်းဆိပ်အုပ်စု၊ကဲလင်းဆိပ်ကျေးရွာ ဦးတင်ပို အုပ်ချုပ်ရေးမှူးဖြစ်သူ နေအိမ်အား လူသတ်အကြမ်းဖက် KNU /PDF များက မီးရှို့ဖျက်ဆီးခဲ့ပါသည်။

      ဦးတင်ပိုသည် အုပ်ချုပ်ရေးမူးတစ်ဦးဖြစ်သည့်အပြင် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးတစ်ဦး
လည်းဖြစ်ကြောင်း သိရပြီး ယခုအခါ နယ်မြေအခြေအနေအရ ၎င်း၏ရွာတွင် နေထိုင်ခြင်းမရှိဘဲ
ရှောင်နေသူဖြစ်ပါသည်။ ဦးတင်ပို၏မရီးဖြစ်သူ
ကဲလင်းဆိပ်ရွာနေဒေါ်အေးရွှေ(ခ)ဒေါ်မမ နေအိမ်ပါမီးရှို့ရာတွင် ပါသွားသဖြင့်နေအိမ်၂လုံး မီးလောင်သွားကြောင်း သတင်းရရှိပါသည်။

     ယခုအခါ လူသတ်အကြမ်းဖက် PDF များ သည် ”ငါနှင်မတူ ငါ့ရန်သူ” ဟူသော အကြမ်းဖက်ဝါဒဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ၊ စစ်မှုထမ်းဆဲ/ဟောင်းများ၊ Non CDM ဝန်ထမ်းများစသည့်တို့နှင့် ၎င်းတို့၏မိသားစုများကိုပါ ပစ်မှတ်ထား၍ အကြမ်းဖက်မှုများပြုလုပ်နေကြောင်း သိရှိရပါသည်။

https://t.me/positiveanglenews

PAN