မွန်ပြည်နယ်အတွင်း KNU မှ အတင်းအားဓမ္မ လူသစ်စုဆောင်း


မေ ၁၉

      မွန်ပြည်နယ်အတွင်း KNU မှ တပ်သားသစ်စုဆောင်းလျှက်ရှိရာ ကျိုက်ထိုမြို့နယ်၊ဇီးပြောင်းကျေးရွာအုပ်စု၊ဇီးပြောင်း ၁၊၂၊၃၊၄၊၅၊၆ ရွာ၆ ရွာအားတစ်ရွာလျှင် တပ်သားသစ် ၂ ဦးနှုန်းစီပေးရန် တောင်းဆိုပြီး အတင်းအားဓမ္မလူသစ်စုဆောင်းနေကြောင်း သိရှိရပါသည်။
ပါသည်။

    ရွာသားများက မလိုက်လို၍ အချင်းချင်းမဲနှိုက်ကြရကြောင်း၊ မဲပေါက်သောသူများမှာလည်းမသွားလို၍ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ရန်စီစဥ်နေကြကြောင်း၊ဒေသခံရွာသားများ
အနေဖြင့် စစ်ဖြစ်မှာကိုမလိုလားဘဲ၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်သည့် လက်နက်ကိုင်သောင်းကျန်းသူများကိုလည်း မလိုလားတော့ကြောင်း ဒေသခံရွာသားများမှ သတင်းပေးပို့လာပါသည်။

https://t.me/positiveanglenews

PAN