“မြေပြင်သို့အရေးပေါ် ဆင်းသက်ခဲ့ရသည့် အိန္ဒိယလေတပ်၏ Apache စစ်ရဟတ်ယာဥ်”

မေလ ၂၉

အိန္ဒိယနိုင်ငံ လေတပ်၏တာဝန်ရှိသူများအဆိုအရ ယနေ့မေလ ၂၉ရက်နေ့တွင် အိန္ဒိယလေတပ်ပိုင် Apache ရဟတ်ယာဥ် အမျိုးအစားသည် ပျံသန်း နေစဥ်အတွင်း လေယာဉ်မှူးက ၎င်း၏ စစ်ရဟတ်ယာဥ်တွင် နည်းပညာ ချို့ယွင်းမှုများ ကို သတိပြုမိခဲ့ပြီးနောက် အဆိုပါ စစ်တပ်ရဟတ်ယာဉ် ကို အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ် အတွင်းရှိ Bhind မြို့အနီးတွင် အရေးပေါ် ဆင်းသက်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ထိုကဲ့သို့ ဘေးကင်းစွာ ဆင်းသက် ခြင်းဖြင့် “မတော်တဆဖြစ်မှု” ကို ရှောင်ရှား နိုင်စေခဲ့တာလည်းဖြစ်ပါ တယ်လို့ ဖော်ပြပြောဆိုထားပါတယ်။