မုဒုံမြို့တွင် အရက်အတူသောက်ပြီး စကားများရန်ဖြစ်ကြရာမှ ပေါက်ချွန်းဖြင့်ခုတ်


မေ ၁၉

       ယနေ့ ညနေ  ၅ နာရီအချိန်ခန့်တွင် မွန်ပြည် နယ်၊မုဒုံမြို့၊မြို့မ ၄ရပ်၊စိန်ချယ် ၁၄လမ်း ရှိ အငှားလိုင်းခန်းတွင်နေထိုင်သော ကိုထွန်းထွန်းဝင်း၊ ၃၄ နှစ်၊(ဘ)ဦးမောင်အေးနှင့် ကိုသန်းကိုဦးတို့နှစ်ဦးအရက်အတူသောက်ပြီးစကားများရန်ဖြစ်ကြရာ ကိုသန်းကိုဦးမှ အနီးရှိရေတွင်းတူးရာတွင်အသုံး ပြုသောပေါက်ချွန်းဖြင့် ကိုထွန်းထွန်းဝင်းအားခုတ်ရာ ကိုထွန်းထွန်းဝင်းတွင် ညာလည်ပင်းပြတ်ရှ ဒါဏ်ရာဖြင့်မော်လမြိုင်ဆေးရုံကြီးအရေးပေါ်ပို့ဆောင်ခဲ့ပါသည်။

       တရားခံကိုသန်းကိုဦးမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တရားခံဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိပါသည်။

https://t.me/positiveanglenews

PAN