မတ္တရာမြို့နယ်တွင် သစ်စက်လုပ်ငန်းလုပ်ကိုင်သော သာမန်ပြည်သူ တစ်ဦးကို အကြမ်းဖက် သမား PDF များက အကြောင်းမဲ့ သတ်ဖြတ်


မေ ၁၇

     ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊အမှတ်(၂)ရပ် ကွက်နေ  ဦးလှမျိုးအောင်၊၃၄နှစ်၊(ဘ)ဦးသောင်းဌေးသည် လုပ်ငန်းကိစ္စဖြင့် မတ္တရာမြို့နယ်၊မြစ်ကမ်းကျေးရွာအုပ်စု၊ဆင်ရွာသစ်ကျေးရွာသို့ သွားရောက်စဥ် ဆင်ရွာသစ်ကျေးရွာအနီး အရောက်၌ အကြမ်းဖက် သမား PDF ၄ဦး၊ဆိုင်ကယ် ၂စီးဖြင့်ရောက်ရှိလာကာ ဦးလှမျိုးအောင်အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာလမ်းမပေါ်၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးလှမျိုးအောင်မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

      သေဆုံးသူ ဦးလှမျိုးအောင်သည် သစ်စက်လုပ်ငန်းလုပ်ကိုင်သော သာမန်ပြည်သူ တစ်ဦးဖြစ်ပြီး အသတ်ခံရသည့်အကြောင်းအရင်းကို မသိရသေးသော်လည်း အကြမ်းဖက် PDF များက ၎င်းတို့အတွက် ရန်ပုံငွေ ထည့်ဝင်ခြင်းမရှိသဖြင့် ထိုသို့သတ်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံရွာသားများက ပြောဆိုမှုများရှိကြောင်း သိရှိရပါသည်။

https://t.me/positiveanglenews