ဘီးလင်းမြို့နယ်​အတွင်း အားဝါ​ဒေး(ကစားဝိုင်း)​ပြုလုပ်နေပြီး အကြမ်းဖက် လူသတ်သမား PDF များက လက်​လုပ်​အသံမိုင်းဖောပ်ခွဲ


မေ ၁၈

     ယနေ့ ည ၉ နာရီအချိန်က မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ဘီးလင်းမြို့နယ်၊ဇုတ်သုတ်ကျေး ရွာအုပ်စု၊ကျောက်ကုန်းရပ်ကွက်တွင် ဦးတင်နိုင်ထွန်းခြံကွက်ရှိ အားဝါဒေး (လောင်းကစားဝိုင်း )ကျင်းပနေစဉ် PDF အကြမ်းဖက်သမားများမှ လက်လုပ်မိုင်း(အသံမိုင်း )ဖြင့် လာရောက်ဖောက်ခွဲခဲ့သဖြင့် အားဝါဒေး(ကစားဝိုင်း)ဘေးနားတွင်ရပ်ထားသော ဟိုက်ဂျတ်ကားတစ်စီး နှင့်ကားအမည်းရောင်ကားတစ်စီးတို့ ပျက်စီးခဲ့ပြီးလူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသတင်းရရှိပါသည်။

   ဘီးလင်းမြို့နယ်သည်ကျေးရွာအနှံပြား၌ အားဝါဒေး(လောင်းကစားဝိုင်း)များအား အာဏာပိုင် အဖွဲ့အစည်းများက ခွင့်ပြုပေးထားပြီး မကြာခဏလည်း အားဝါဒေးပွဲများတွင် ဗုံးပေါက်ခွဲမှုများရှိခဲ့ပြီး လူအများသေဆုံးခဲ့သည်အထိရှိခဲ့ကြောင်းသိရသည်။

https://t.me/positiveanglenews

PAN