ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် Yangon Revolution Force-YRF အမည်ခံ အကြမ်းဖက် အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ


မေ ၂၀

      ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက် နေ့လယ်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူသည် ဇနီးဖြစ်သူအား “အောင်ရတနာ” အထူးကုဆေးရုံသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပြီး ပြန်လာခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၂)ရပ်ကွက်၊ ဝေဇယန္တာလမ်း၊ အမှတ်(၁၆)လမ်းဆုံအနီးသို့ ရောက်ရှိစဉ် (စိစစ်ဆဲ)ကျား ၂ ဦးမှ မော်တော်ယာဉ်ရှေ့၌ ပိတ်ရပ်၍ ပစ္စတို ၂ လက်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးစိုင်းကျော်သူ သည် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

                သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိရေးအတွက် နေ့/ညမပြတ်အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တရားမျှတမှုကိုလိုလား၍ အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ လျှို့ဝှက်သတင်း ပေးပို့မှုများကြောင့် မေလ ၁၂ ရက် နံနက်ပိုင်းတွင် ဦးစိုင်းကျော်သူအား လုပ်ကြံ သတ်ဖြတ်ရာတွင် စက်ဘီးဖြင့် အခြေအနေကြည့်ရှုပေးသူ တရားခံ အာကာထက်ကျော် (ခ)အောင်သုခ အား Glock ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၂၀ တောင့် တို့နှင့်အတူ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ ဇလွန်လမ်း၊ (၅)လွှာ(A)၊ အိမ်အမှတ် (၃၅)၌ ဖမ်းဆီးရမိခဲ့သည်။

                ဖမ်းဆီးရမိတရားခံ  အာကာထက်ကျော်(ခ)အောင်သုခ၏ ထွက်ဆိုချက် အရ ယင်းနေ့ နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သုမိတ္တာ (၁၀)လမ်း၊ အိမ်အမှတ်(၄၀၇)၌ တရားခံ ရဲကျော်ပိုင်(ခ)မောင်ကြီး အား လက်လုပ်သေနတ် ကိုယ်ထည် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၅.၅၆ ကျည် ၁၀ တောင့်၊ ပွိုင့် ၃၈၀ ကျည် ၁၀ တောင့်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ ကျည်ကာအင်္ကျီ ၈ ထည်၊ လက်ကိုင်ဖုန်း ၂ လုံးတို့ဖြင့် လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆၃)ရပ်ကွက်၊ ရွှေတောင်ကြား (၅)လမ်း၊ အိမ်အမှတ်(၉၆၄၀)၌ တရားခံ ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင် အား Laptop  ၁ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ကွမ်းခြံကုန်းမြို့နယ်၊ ဒရယ်လူးကျေးရွာနှင့် ကော့ဒွန်း ကျေးရွာ အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု တို့ဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

                ဖမ်းဆီးရမိတရားခံ ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင်၏ ထွက်ဆိုချက်အရ ယင်းနေ့ နေ့လယ်ပိုင်းတွင် ဦးစိုင်းကျော်သူအား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ် ခဲ့သူများဖြစ်သည့် တရားခံ ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် အား ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းနှင့် ဦးထွန်းလင်းခြံလမ်းဆုံတွင် လည်းကောင်း၊ တရားခံ စိုးသူ(ခ)Red(ခ) ကောင်းဝေ အား မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်၊ ပုလဲ ရွှေဝါလမ်းသွယ်(၂)၊ အိမ်အမှတ်(၆၂၀)တွင် Sig Sauer ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၁၁ တောင့်တို့ဖြင့် လည်းကောင်း၊  ဦးစိုင်းကျော်သူအား လုပ်ကြံသတ်ဖြတ်ရာတွင် စက်ဘီးဖြင့် အခြေအနေကြည့်ရှုပေးသူ တရားခံ မင်းဆက်(ခ)အောင်သူဟန် အား မြောက်ဥက္ကလာပ မြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်၊ ပုဂံလမ်းပေါ်တွင် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

                   ဖမ်းဆီးရမိတရားခံ ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် ၏ ထွက်ဆိုချက်အရ ယင်းနေ့ ညနေပိုင်းတွင် ဆက်စပ်တရားခံများဖြစ်သည့် ချစ်ကိုကို အား ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်၊ အနော်ရထာလမ်းမကြီး၊ အိမ်အမှတ်(၇၁၆)တွင် လည်းကောင်း၊ ကျော်လွင်ဦး အား ဒလမြို့နယ်၊ အံ့ကြီးအရှေ့ရပ်ကွက်၊ ဖိုးရာဇာလမ်း၊ အိမ်အမှတ် (၂၉၉)တွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။   

                ထို့အပြင် ဖမ်းဆီးရမိတရားခံ အာကာထက်ကျော်(ခ)အောင်သုခ၏ ထွက်ဆိုချက် အရ မေလ ၁၄ ရက်တွင် ဆက်စပ်တရားခံ ပန်းအေး(ခ)ကိုမျိုး အား ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ ရန်ပြေမာန်ပြေသာမဏေစာသင်တိုက်၌ လည်းကောင်း၊  မေလ ၁၆ ရက်တွင် ဆက်စပ်တရားခံ လပြည့်အိမ်(ခ)ကိုရှိုင်းအား မြောက်ဥက္ကလာပ မြို့နယ်၊ (ဃ)ရပ်ကွက်၊ အဝိုင်းမှတ်တိုင်အနီး၌ လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။

                ဖြစ်စဉ်တွင် တရားခံ ၁၀ ဦးအား ပစ္စတို ၂ လက်၊ လက်လုပ်သေနတ် ကိုယ်ထည် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်မျိုးစုံ ၅၆ တောင့်၊ ကျည်ကာအင်္ကျီ ၈ ထည်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတံဆိပ်တုံး ၂ ခု၊ Laptop ၁ လုံး၊ လက်ကိုင်ဖုန်း ၄ လုံး တို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

                   ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စိုးသူ(ခ)Red(ခ)ကောင်းဝေ၊ ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် နှင့် အာကာထက်ကျော်(ခ)အောင်သုခ တို့သည် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် လေးကေ့ကော်ကျေးရွာအနီးရှိ KNLA တပ်မဟာ(၆)လက်အောက်ခံ တောတွင်းစခန်းနေရာ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ တက်ရောက်ခဲ့ပြီး   ရဲကျော်ပိုင်(ခ)မောင်ကြီး သည် ၂၀၂၁ ခုနှစ်၊ မတ်လတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ KNLA တပ်မဟာ(၁)လက်အောက်ခံ တောတွင်းစခန်းနေရာ၌ အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ရန်ကုန်မြို့အတွင်း အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံ သတ်ဖြတ်ရန် ရည်ရွယ်လျက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် Yangon Revolution Force – YRF အမည်ခံ အကြမ်းဖက်အဖွဲ့အား ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jame တို့မှ ခေါင်းဆောင်၍ ဇင်မျိုးဦး(ခ)Flash(ခ)သားငယ်၊ စိုးသူ (ခ)Red(ခ)ကောင်းဝေ၊ မင်းဆက်(ခ)အောင်သူဟန်၊ အာကာထက်ကျော်(ခ)အောင်သုခ၊ ရဲကျော်ပိုင်(ခ)မောင်ကြီး၊ ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင်၊ ချစ်ကိုကို၊ ကျော်လွင်ဦး နှင့် ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သည့် စိုးမိုးထွဋ်(ခ)တိုက်ဂါး၊ မင်းဟိန်းကျော်(ခ)လရောင်၊ လူမင်းထွေး (ခ)ကိုရှိုင်း၊ ဆိတ်ဖွား(ခ)ရဲကျော်၊ ဘိုမက်၊ ညီညီနိုင်(ခ)သံမဏိ၊ မလပ်ကီး၊ ကယ်ဗင်၊ ဂျိုကာ၊ 5 P ၊ ကျားကြီး၊ စောဟင်နရီထူး(ခ)အောင်လ အပါအဝင် ၂၂ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

          ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန်တရားခံ Jame သည် KNLA တပ်မဟာ(၆) လှုပ်ရှားနယ်မြေအတွင်း ခိုအောင်းနေထိုင်လျက်ရှိပြီး အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG တို့နှင့် ချိတ်ဆက်၍ ငွေကြေးကူညီ ထောက်ပံ့မှုများရယူကာ လက်နက်/ခဲယမ်းများ ဝယ်ယူ၍ ရန်ကုန်မြို့အတွင်း၌ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ထို့အပြင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG တို့သည် ၎င်းတို့ လုပ်ကြံသတ်ဖြတ် လိုသူများ၏ အချက်အလက်များ၊ ဓာတ်ပုံများကို ဖမ်းဆီးရန်ကျန်တရားခံ Jame မှတစ်ဆင့် ပေးပို့စေခိုင်းလျက်ရှိပြီး လုပ်ကြံသတ်ဖြတ်မှု ၁ ကြိမ်လျှင် ပစ်ခတ်လုပ်ကြံ သူအား ငေွကျပ် ၅ သိန်း၊ အခြေအနေ ကြည့်ရှုပေးသူအား ငွေကျပ် ၁ သိန်း ထောက်ပံ့ပေးကြောင်း၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် Glock ပစ္စတို ၁ လက်၊ Sig Sauer ပစ္စတို ၁ လက်၊ ၉ မမကျည် ၁၀၀ ‌တောင့်တို့အား ဖမ်းဆီးရန်ကျန်တရားခံ Jame မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

                ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန်တရားခံများ ဖြစ်သည့် YRF အမည်ခံအကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဥက္ကာလင်းယံ နှင့် Jame တို့၏ ခိုင်းစေမှုဖြင့် ရန်ကုန်မြို့အတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံ သတ်ဖြတ်မှု ၈ ကြိမ် ကျူးလွန်ခဲ့ကြောင်း-

  • ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jame တို့၏စေခိုင်းမှုဖြင့် မရမ်းကုန်းမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ တေးနုယဉ် လမ်းနေ Mytel ရုံးချုပ်မှ အထွေထွေမန်နေဂျာ ဦးသိန်းအောင် နှင့် ဇနီးဖြစ်သူ ဒေါ်သိမ့်အောင်သူ တို့အား ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံ  ဥက္ကာလင်းယံ ၏ စေခိုင်းမှုဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်၊ နွယ်သာကီ(၃)လမ်းပေါ်၌ အပြစ်မဲ့ပြည်သူ ဦးမင်းသိန်း(ခ)အရှည်ကြီး အား ပစ္စတိုဖြင့် ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ပြီး စိုးသူ(ခ)Red(ခ)ကောင်းဝေ မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
  • ဇွန်လ ၂၅ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် နှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျားကြီး တို့သည် ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ ၏ စေခိုင်းမှုဖြင့် ကွမ်းခြံကုန်းမြို့နယ်၊ ကော့ဒွန်းကျေးရွာအုပ