ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ငြိမ်းချမ်းရေးအိမ်သုံးLPG Gas ရောင်း ဝယ်ရေးဆိုင်တွင် Gas ဖြည့်နေစဥ် ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား

မေ ၂၉

    ယနေ့ နံနက် ၁၀ နာရီ၂၆ မီးနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၅၅)ရပ်ကွက်၊ မင်းရဲကောင်းပုံလမ်းရှိ ငြိမ်းချမ်းရေးအိမ်သုံးLPG Gas ရောင်း ဝယ်ရေးဆိုင်တွင် မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

     မီးလောင်မှုဖြစ်ပွားရာသို့ မီးလောင်မှုသတင်းရလျှင်ရချင်း မီးသတ်တပ်ဖွဲ့မှ Level 1ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၄၁ မီးနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ ၄၆ မီးနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရှိရပါသည်။

     မီးလောင်းမှုနှင့်ပတ်သက်၍ စုံစမ်းရာ Gas ဖြည့်နေစဥ် ဝါယာရှေ့ာဖြစ်၍ မီးစတင်လောင် ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ အခြားအိမ်များ၊ဆိုင်များသို့ မီးကူစက်လောင်ကျွမ်းမှုမရှိကြောင်းနှင့်
ခန့်မှန်းကျပ်သိန်း ၉၀ခန့် ဆုံးရှူံးခဲ့ကြောင်းသတင်းရရှိပါသည်

#PAN