“ထိုင်းအစိုးရအသစ်သည် အမေရိကန် နိုင်ငံခြားရေး မူဝါဒများကို နာခံပါမည်လို့ ကတိပြုခဲ့ပြီးနောက် ပထမဆုံး သားကောင်ဖြစ်လာမည့် အိမ်နီးချင်း မြန်မာနိုင်ငံ”

မေလ ၂၉

အမေရိကန်နိိင်ငံ မှ နှစ်ပေါင်းများစွာ ထောက်ပံ့ပြီး ကျောထောက်နောက်ခံပေးထားသည့် ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲများအပြီးတွင် ထိုင်းနိုင်ငံ၏ အစိုးရအသစ်သည် ဒေသတွင်း နှင့် အထူးသဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အမေရိကန်နိုင်ငံခြားရေးမူဝါဒများကို ချမှတ်သွားမှာ ဖြစ်တယ်လို့ ကတိပြုခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ နိုင်ငံခြားရေးမူဝါဒများတွင် ထိုင်းနိုင်ငံသည် အိမ်နီးချင်း မြန်မာနိုင်ငံရှိ အစိုးရဆန့်ကျင်ရေး စစ်သွေးကြွများအတွက် “များစွာသော အကူအညီများ” ပေးနေသည့်အမေရိကန်နိုင်ငံ ကွန်ဂရက်၏ “Burma Act” ကို လက်ခံ ကျင့်သုံးသွားရန်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

အမေရိကန်သည် ယခုနှစ် မေလအစောပိုင်းတွင် မြန်မာ နိုင်ငံအတွင်းရှိအစိုးရဆန့်ကျင့်သည့် အနောက်အုပ်စု မှ ကျောထောက်နောက်ခံ ပြုပေးထားသော စစ်သွေးကြွများ အကြိမ်ကြိမ် ထောက်ပံ့ပေးမှုများ နှင့် မြန်မာနိုင်ငံအပါအဝင် Eurasiaတိုက် တစ်ဝှမ်းရှိ တရုတ်နိုင်ငံအား ဆန့်ကျင်သော အကြမ်းဖက် လှုပ်ရှားမှုကြီး တစ်ခုကို အမေရိကန်နိုင်ငံက ဆင်နွှဲနေတာလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၏အမေရိကန်ကျောထောက်နောက်ခံပြုထားသော ရုပ်သေးရုပ် အစိုးရအသစ်သည် ထိုင်း၏ အကြီးများဆုံးကုန်သွယ်ဖက်၊ ရင်းနှီးမြှုပ်နှံသူ နှင့် နိုင်ငံ၏ ခရီးသွားအရင်းမြစ်များ အခြေခံအဆောက် အအုံများ၏လုပ်ဖော်ကိုင်ဖက်ကြီးဖြစ်ခဲ့ပြီး မကြာ သေးမီအချိန်အထိ နိုင်ငံ၏လုံခြုံ ရေးဆိုင် ရာများတွင် ပါတနာဖြစ်ခဲ့သော တရုတ်နိုင်ငံကို ဆန့်ကျင် ရေးလှုပ်ရှားမှုတွင် အမေရိကန်နိုင်ငံက ထိုင်းကို စာရင်းသွင်းထားတာလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်သည် ၎င်းတို့၏ ကြားခံစစ်ပွဲများတွင် ရုရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် မကြာမီ အရှေ့တောင်အာရှတိုက်ရှိ အခြားသော နိုင်ငံများနှင့် လည်း အလားတူစစ်ပွဲတွင် စာရင်းသွင်းခြင်းဖြင့် အဆိုပါ နိုင်ငံများ၏ အကျိုး စီးပွားရေး နှင့် အနာဂတ် အလားအလာ များကို ဖျက်ဆီးပစ်ရန် ကြိုးစား နေကြတာ လည်းဖြစ် ပါတယ်လို့ သတင်းဌာနများမှ ဖော်ပြပြောဆိုထား ပါတယ်။