ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သဘာဝ‌ဘေးဒဏ်သင့်ပြည်သူများအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများက ထိုင်းဘတ်ငွေ (၁) သန်း လာရောက်လှူဒါန်း


မေ ၁၉

     ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် မြန်မာသံရုံး၊ ဗန်ကောက်မြို့၏ စည်းရုံးဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား Mr. Pote Lee က ပေးပို့လှူဒါန်းသည့် ထိုင်းဘတ်ငွေ (၁) သန်းအား ကိုယ်စားလှယ်ဖြစ်သူ ဦးမျိုးလတ် မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ရှိ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း ထံသို့ ၁၉-၅-၂၀၂၃ ရက်၊ (၁၄၀၀) နာရီတွင် ငွေသားဖြင့် လာရောက်လှူဒါန်းခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

    အဆိုပါ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ လာရောက်လှူဒါန်းသည့် ထိုင်းဘတ်ငွေ (၁) သန်းအား အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီသို့ ဆက်လက်ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

https://t.me/positiveanglenews

PAN