ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သဘာဘေးအန္တရာယ်သင့်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့်စေတနာရှင်များက ငွေလှူဒါန်း


မေ ၁၉

     ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သဘာဝဘေး အန္တရာယ်သင့်ခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာသံရုံး၊ တိုကျိုမြို့ရှိ သံအမတ်ကြီးနှင့်သံရုံးဝန်ထမ်းများ၊ နာဂိုယာမြို့နှင့်ကိုဘေးမြို့များရှိ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်များ၊ ဂျပန်စီးပွားရေးကုမ္ပဏီများ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား စေတနာရှင်များ၊ ဂျပန်နိုင်ငံသားစေတနာရှင်များ၊ ဂျပန်နိုင်ငံရှိတက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားနေကြသော အစိုးရပညာတော်သင်များမှ  စုပေါင်းလှူဒါန်းငွေ ယန်း ၂,၁၃၈,၅၀၀ (ယန်း နှစ်သန်း တစ်သိန်း သုံးသောင်းရှစ်ထောင့်ငါးရာ) အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါကြောင်းနှင့် စေတနာရှင်များ၏ ထပ်မံထည့်ဝင်လှူဒါန်းငွေများ ရရှိလာပါကလည်း ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း  သိရှိရပါသည်။

https://t.me/positiveanglenews

PAN