ကသာမြို့နယ်၊နန့်လှိုင်ရွာ အနီး တိုက်ပွဲဖြစ်ပွား

မေ ၂၉

ယနေ့နံနက် ၁၀ နာရီကျော်လောက်မှာ ကသာမြို့နယ်၊ နန့်လှိုင်ရွာအနီးက မြတ်ကျော်တဲနေရာတွင် တပ်မတော်စစ်ကြောင်းနှင့် KIA/PDF တို့ ရုတ်ချည်း တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

တပ်မတော်စစ်ကြောင်း၏ တိုက်ခိုက်မှုကို Kia / PDFများ မိနစ် ၂၀ခန့်သာ ခုခံ
နိုင်ခဲ့ပြီး စခန်းကုန်းပေါ်က ဆင်းပြေး
ဆုတ်ခွာသွား​ ကြောင်း တိုက်ပွဲတွင်
တပ်မတော်ဘက်မှ အထိအခိုက် မရှိပဲ
တပ်မတော်မှ တိုက်ပွဲနေရာ ကို အသေး
ဆက်လက်ရှင်းလင်းခဲ့ရာ

(၁) KIA /PDF အလောင်း ၁ လောင်း။
(၂) ဆပ်ပြာခွက်လက်လုပ်မိုင်း ၂ လုံး။
(၃) ၅ ဂါလံပုံး (အဝါ) လက်လုပ်မိုင်း ၁ လုံး။
(၄) ဝါယာကြိုး(နီ/နက်) ၁၀၀ မီတာ။
( ၅ ) ဆိုင်ကယ်ဘက်ထရီအိုး ၂ လုံး။
(၆) ၄ ပေပတ်လည် ၃ ပေအနက် နှစ်ယောက်ပစ်ကျင်း ၄ ကျင်း။
( ၇ ) သက္ကယ်မိုး/အကာမပါ ၆ ပေပတ်လည် ၂ ယောက်အိပ်တဲ ၂ လုံး။
(၈) သွပ်မိုး/သွပ်ကာ ပျဉ်ခင်း အလျား ၁၅ ပေ၊ အနံ ၁၀ ပေ ၇ ယောက်အိပ်တဲ ၁ လုံး။
သိမ်းဆည်းရမိခဲ့ ကြောင်းသတင်းရရှိပါ
သည်။