ကသာမြို့နယ်၊နန့်လှိုင်ရွာအနီး တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ KIA/PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

မေ ၂၉

     ယနေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ နန့်လှိုင်ရွာအနီး၊ မြတ်ကျော်တဲနေရာတွင် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ KIA/PDF ပူးပေါင်းအဖွဲ့တို့  ရုတ်ချည်းတွေ့ဆုံတိုက်ပွဲ ဖြစ် ပွားခဲ့ပါသည်။

    တပ်မတော်စစ်ကြောင်း၏ တိုက်ခိုက်မှုကို Kia / PDFများ မိနစ် ၂၀ခန့်သာ ခုခံနိုင်ခဲ့ပြီး စခန်းကုန်းပေါ်က ဆင်းပြေးဆုတ်ခွာသွား​ကြောင်း၊တိုက်ပွဲတွင် တပ်မတော်ဘက်မှ အထိအခိုက် မရှိပဲ
တပ်မတော်မှ တိုက်ပွဲနေရာကို အသေးစိတ် ဆက် လက်ရှင်းလင်းခဲ့ရာ KIA /PDF အလောင်း ၁ လောင်း၊ ဆပ်ပြာခွက်လက်လုပ်မိုင်း ၂ လုံး၊ ၅ ဂါလံပုံး (အဝါ) လက်လုပ်မိုင်း ၁ လုံး၊ ဝါယာကြိုး(နီ/နက်) ၁၀၀ မီတာ၊ ဆိုင်ကယ်ဘက်ထရီအိုး ၂ လုံး၊  ၄ ပေပတ်လည် ၃ ပေအနက် နှစ်ယောက်ပစ်ကျင်း ၄ ကျင်း၊ သက္ကယ်မိုး/အကာမပါ ၆ ပေပတ်လည် ၂ ယောက်အိပ်တဲ ၂ လုံး၊ သွပ်မိုး/သွပ်ကာ ပျဉ်ခင်း အလျား ၁၅ ပေ၊ အနံ ၁၀ ပေ ၇ ယောက်အိပ်တဲ ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်းသတင်းရရှိပါသည်။

PAN