ရွှေကူမြို့နယ်၊သင်္ဘောအင်းကျေးရွာအတွင်းအကြမ်းဖက်သောင်းကျန်းသူ KIA-PDFများက တစ်အိမ်တစ်ယောက် မတက်မနေ အစည်းအဝေးပြုလုပ်

မေ ၂၈

    ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်၊သင်္ဘောအင်းကျေးရွာ၌ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ကျေးရွာရှိဘုန်းတော်ကြီး ကျောင်း ဓမ္မာရုံတွင် အကြမ်းဖက်သောင်းကျန်းသူ KIA-PDFများက တစ်အိမ်တစ်ယောက် မတက်မနေရအစည်းအဝေးတက်ခိုင်းခဲ့ကြောင်း သိရှိရပါသည်။

     အစည်းအဝေးတွင် အကြမ်းဖက် PDF ခေါင်း ဆောင် မိုးကြိုးက တပ်မတော်မကောင်းကြောင်း၊ အစိုးရမကောင်းကြောင်းပြောကြားခဲ့ပြီး ၎င်းတို့ ကို ကူညီးပေးရန်၊ လာမည့်စာသင့်နှစ်တွင်လည် သင်္ဘောအင်းကျးရွာတွင် အရင်နှစ်များကဲ့သို့ NUG စာသင် ကျောင်း ဖွင့်လှစ်မည့်ဖြစ်ကြောင်း၊CDM ဆရာ/ဆရာမများဖြင့်သင်ကြားမည်ဖြစ်ကြောင်း၊CDMဆရာများကို ရွာကကူညီပေးရန်၊ ကျောင်းသားမိဘများကလည် မိမိကလေးများစာသင်ကြာနိုင်အောင် CDMဆရာများကို ငွေကြေးနှင့် စားသောက်ဖွယ်ရာများ ကူညီပေးရန်ပြောကြာခဲ့ပြီး စစ်ရေးနှင့်ပတ်သက်ပြီး သင်္ဘောအင်းကျေး ရွာသည် တောတောင်များနှင့်နီးကပ်သဖြင့် တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း၊ တပ်မတော်၏လှုပ်ရှာမှုများအား ၎င်းတို့ကိုသတင်းပေးရန်ပြောကြားပြီး ကျေးရွာကို လွတ်မြောက်နယ်မြေထူထောင်ရန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

        ၎င်းအကြမ်းဖက်သောင်းကျန်းသူ  KIA-PDF ပူးပေါင်းအဖွဲ့သည် အင်အား ၁၀၀ ကျော်ရှိပြီး ရွာထဲတွင် ဖြန့်ခွဲနေထိုင်နေလျှက်ရှိ​ကြောင်းနှင့် ကျေးရွာအတွင်းရှိ ပြည်သူလူထုများမှာ အေးချမ်းစွာနေလိုသော်လည်း ၎င်းတို့၏ အကြမ်းဖက်ဝါဒနှင့် လက်နက်များကို ကြောက်ရွံ၍သာ ဆက်ဆံနေရကြောင်း အဆိုပါရွာမှ ရွားသားများက ပြောကြားလာပါသည်။

#PAN