ကြာအင်းဆိပ်ကြီးမြို့၊မြို့မရဲစခန်းကို KNLA၊ တပ်မဟာ(၆)နှင့် PDF အမည်ခံ လူသတ်အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က DropBomb ဖြင့် ပစ်ချတိုက်ခိုက်

မေ ၂၈

    ယမန်နေ့ ည ၈ နာရီခွဲအချိန်တွင်  KNLA၊ တပ်မဟာ(၆)၊ ရင်း(၁၆)၊ ခွဲ (၁)ဒုခွဲမှူးအဆင့်ရှိ ရဲလေးနှင့် PDF အမည်ခံ အကြမ်းဖက်သောင်း ကျန်းသူပူး​ပေါင်းအဖွဲ့မှ ကြာအင်းဆိပ်ကြီးမြို့၊ အနောက်တောင်ဘက်၊ ဇမိမြစ်ကမ်းဘက်မှ Drone ဖြင့် DropBomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ၁ လုံးမှာ ကြာအင်းဆိပ်ကြီးမြို့၊ အမှတ် (၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ မြို့မရဲစခန်းတွင်း ခေါင်မိုးပေါ်သို့ကျရောက်ခဲ့ရာ ခေါင်မိုးသွပ်များပျက်စီးခဲ့ကြောင်း၊  ကျန် ၁ လုံးမှာ စခန်းဝန်းအတွင်းရှိ မိသားစုဝင်​နေအိမ် ၄ ခန်းတွဲ လိုင်းအမှတ်(၂)၊ အခန်း(၁) ရဲတပ်ကြပ်သက်အောင်ဇော်၏နေအိမ်ခေါင်မိုးအပေါ်သို့  ကျရောက် ပေါက်ကွဲခဲ့ရာ ရဲတက သက်အောင်ဇော်၏သားဖြစ်သူ မောင်ရဲလင်းထက်၊ ၁၉ နှစ်၏ နောက် ကျော ဗုံးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသလျှက် ရှိကြောင်း သိရှိရပါသည်။

    ဆက်လက်၍ သောင်းကျန်းသူပူးပေါင်းအဖွဲ့သည် ည ၉ နာရီ ၂၅ မီးနစ်အချိန်တွင် Drone ဖြင့် DropBomb ၁ လုံးကို ထပ်မံပစ်ချခဲ့ရာ မြို့မရဲစခန်းခေါင်မိုးအပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ခေါင်မိုးသွပ်များပျက်စီး၍ လူထိခိုက်သေဆုံးဒဏ်ရာရရှိမှုမရှိကြောင်း သတင်ရှိရပါသည်။

#PAN