မေ ၂၇
ယမန်နေ့မှစပြီး ချင်းပြည်နယ်၊ ဟားခါး – ထန်တလန်လမ််းကြောင်းကို တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးဆောင်ရွက်လျှက်ရှိရာ ဟားခါးမှ ၄ မိုင်အကွာ သီးမြစ်လွင်ပြင်နှင့်တောင်ကုန်းထိပ်တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ယနေ့ မွန်းလွဲ ၁နာရီခန့်မှ ၁ နာရီ ၅၀ မီးနစ်ခန့်ထိ တပ်မတော်မှ တိုက်လေယာဥ်ဖြင့် ၄ ကြိမ်ပစ်ကူပေးတိုက်ခိုက်လျှက်ရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် ညနေ ၆ နာရီအချိန်အထိ မြေပြင်လက် နက်ကြီးများဖြင့် ပစ်ကူယူတိုက်ခိုက်နေကြောင်း သတင်းရရှိပါတယ်။
”တပ်မတော် လေယာဥ်က ၆ ကြိမ်ပတ်တယ်.
၄ ကြိမ်ကြဲတယ်၊ အဲဒီ ၄ ကြိမ်မှာ ၃၀ ထက်မက ပေါက်ကွဲတယ်၊ အဲဒီကတည်းက လက်နက်ကြီးနဲ့
ယခုထိ ပစ်ခတ်နေတာ အကြိမ် ၂၀ မကတော့ဘူး၊ တောင်ပေါ်မှာ ပေါက်ကွဲတာကို ဟားခါးမြို့ပေါ်ကမြင်လည်း မြင်ရတယ်” ဟု မြို့ခံ ချင်းတိုင်ရင်းသားပြည်သူတစ်ဦးက PAN သို့ ပြောကြားလာခဲ့ပါတယ်။
#PAN