သထုံမြို့နယ်၊ရန်ကုန်-မော်လမြိုင်ကားလမ်းမိုင်တိုင်အမှတ် (၁၃၅/၂)နှင့် (၁၃၅/၃)အကြားတွင် ၂၂ ဘီးတွဲ မော်တော်ယာဥ် တစ်စီးကို PDF အမည်ခံ လူသတ်အကြမ်းဖက်များက မိုင်းခွဲတိုက်ခိုက်

မေ ၂၇

      ယမန်နေ့ ည ၉ နာရီ ၂၀ မီးနစ်အချိန်တွင် မွန်ပြည်နယ်၊သထုံမြို့နယ်၊ မိုးကောင်းကျေးရွာ အုပ်စု၊ ကလိကျွန်းကျေးရွာနှင့် ကရင်လေးဆိပ်ကျေးရွာကြား၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမ တွင် ဘီးလင်းမြို့နယ်ဘက်မှ သထုံမြို့ဘက်သို့ မောင်းနှင်လာသော ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်မှ ယာဉ်မောင်း ဦးသန်းမင်းထိုက် မောင်းနှင်ပြီး မခင်ဇာလှိုင်နှင့် ဟိန်းဇင်ဝင်းတို့ လိုက်ပါလာသည့် ယာဉ်အမှတ် SCG 6L/4717၊ Nessan အမျိုးအစား ၂၂ ဘီးတွဲ အပြာရောင်ယာဉ်သည် မိုင်တိုင်အမှတ် (၁၃၅/၂)နှင့် (၁၃၅/၃)အကြား အရောက်တွင် PDFအမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့က မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။

    ထိုသို့ မိုင်းဖောက်ခွဲတိုက်ခိုက်ခြင်းကြောင့် ဦးသန်းမင်းထိုက်(ယာဥ်‌မောင်း)တွင် ဦးခေါင်းနောကပ်စေ့ ၁ လက်မခန့် ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)၊ မခင်ဇာ(မစိုးရိမ်ရ)၊ ဟိန်းဇင်ဝင်းတွင် ဦးခေါင်း နောက်စေ့ ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး သေဆုံး၊ဒဏ်ရာရရှိသူ များကို သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

     တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့သည် စစ်အာဏာရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက် တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြကြောင်း၊ယခုဖြစ်စဥ်သည်လည်း ၎င်းတို့အကြမ်းဖက်လုပ်ငန်းစဥ်၏ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ယခုလို မိုင်းခွဲတိုက်ခိုက်ခြင်းသည် မည်သည့်အကြောင်းအရင်းကြောင့်ဖြစ်သည်ကို မသိရှိရသေးဘဲ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုသော ပြည်သူမျာအတွင်း
အကြောက်တရားများပေါ်ပေါက်စေပြီး မသွားရဲမလာရဲဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရပါသည်။

#PAN