မေ ၂၇
တနင်္သာတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့၊(ဃ)ရပ်ကွက်၊အနောက်ရပ်၊ လောင်းလုံး – စမ်းလှမ်းကျေးရွာသွားလမ်း၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ဦးကျော်ဇင်စိုး(ခ)ကိုရဲလေး၊ ၄၃နှစ်၊(ဘ)ဦးစိုးတင့်၊ ဗမာ/ဗုဒ္ဓ စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူး မောင်းနှင်သောမော်တော်ယာဥ်ကို PDF အမည်ခံ လူသတ်အကြမ်းဖက်(စိစစ်ဆဲ)များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါသည်။
ဖြစ်စဥ်မှာ စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်ဇင်စိုး(ခ)ကိုရဲလေးသည် ရာအိမ်မှူးဦးမျိုးဦး၊ စမ်းလှမ်းကျေးရွာပြည်သူ့စစ်အဖွဲခေါင်းဆောင် ဦးအောင်ခင် သုံးဦးတို့နှင့်အတူ တိုင်းဒေသကြီးအဖွဲ့ရုံးမှ ပေးအပ်သောထောက်ပံ့ကြေးငွေလက်ခံယူရန် ဦးကျော်ဇင်စိုး မောင်းနှင်သောမော်တော်ယာဥ်ဖြင့် လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးသို့သွားရောက်ခဲ့ပြီး စမ်းလှမ်းကျေးရွာသို့ပြန်လည်ထွက်ခွာခဲ့ရာ လောင်းလုံးမြို့၊(ဃ)ရပ် ကွက်၊အနောက်ပြင်ရပ်၊ တံတားအနီးရောက်တွင်အကြမ်းဖက် PDF ၅ဦးခန့်က လမ်း၏ဝဲ ယာတောလမ်းနဘေးမှဦးကျော်ဇင်စိုး(ခ)ကိုရဲလေးမောင်းနှင်လာသောယာဥ်ကို ပစ်ခတ်ခဲ့ရာ ဦးကျော်ဇင်စိုး ယာကျောကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး ကျန်နှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်းနှင့် အကြမ်းဖက် PDF အဖွဲ့များမှာအနောက်ပြင်ရပ်၊ အနောက်တောင်ဘက်တောအတွင်းသို့ ပြည်လည်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။
ဒဏ်ရာရရှိသူဦးကျော်ဇင်စိုးအားစမ်းလှမ်းကျေးရွာနာရေးကူညီမှု့အသင်းမော်တော်ယာဥ်ဖြင့်ထားဝယ်မြို့တပ်မတော်ဆေးရုံသို့ပို့ဆောင်သွားကုသလျှက်ရှိကြောင်း သတင်းရရှိပါသည်။
#PAN