မေ ၂၇
ယနေ့ နံနက် ၁၀ နာရီ ၅ မီးနစ်ချိန်ခန့်တွင် KNU တပ်မဟာ(၁)၊ရင်း(၁)၊ခွဲ(၁)ခွဲမှူး ရဲမင်းပိုင်အဖွဲ့မှ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၇ ဦးခန့်သည် သထုံမြို့နယ်ဘက်မှ ဒုံသမိချောင်းအားလှေဖြင့်ကူး၍ ဘားအံမြို့နယ်၊ ကျောက်တလုံး(ဝင်းဒရယ်)ကျေးရွာအုပ်စုသို့ ဦးတည်ထွက်ခွာလာကြောင်းသတင်းရရှိသဖြင့် ကျေးရွာ ပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ ခေါင်းဆောင် ဦးစောဟင်္သာ၊ ဦးစောဖိုးကွေး၊ ဦးစောချစ်သန်း တို့ ဦးဆောင်သည့် ဝင်းဒရယ်ကျေးရွာနှင့်နော်ဖားဒိုကျေးရွာ ပြည်သူ့စစ်(ဌာနေ)အဖွဲ့တို့မှ ထုတ်နုတ်အင်အား ၉ ဦးဖြင့် ကျေးရွာလခရလိုက်လံဆောင် ရွက်စဥ် ပျဥ်းကတိုးကုန်းနှင့် သစ်ဖြူပင်ဆိပ်ကျေးရွားအကြားနေရာတွင် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ၁၀ မိနစ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။
အဆိုပါ ဖြစ်စဥ်တွင် ပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ ဦးစောတေဇ(ခ) စောဘိုးဘို၊ ၄၇ နှစ်၊(ဘ)ဦးစောဖားလဲ့၊ကရင်/ဗုဒ္ဓ၊ကျောက်တလုံး(ဝင်းဒရယ်) ကျေးရွာအုပ်စု၊ဘားအံမြို့နယ်နေသူ၏ ညာခြေသလုံး/ညာပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝဲ/ယာ လက်မောင်းကျည်ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး ၎င်းကိုတဆရ(၂/၁၀၀) သို့ ပို့ဆောင် ဆေးဝါးကုသလျက်ရှိကြောင်း သိရှိရပါသည်။
၎င်းအကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် လာသည့် လမ်းကြောင်းအတိုင်း နောက်ကြောင်းပြန်လှည့် ထွက်ပြေးသွားသဖြင့် ပြည်သူ့စစ်အဖွဲ့မှ နယ်မြေရှင်းလင်းရေးဆက်လက်ဆောင်ရွက်ရာ ရန်သူ့ထံမှ ၅.၅၆ ကျည်သုံး အမေရိကန်နိုင်ငံထုတ် Colt AR-15 သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခုသိမ်းဆည်းရမိပြီး သောင်းကျန်းသူတစ်ဦးဖြစ်သူ ကျော်ဦး ဆိုသူနှင့်အချို့ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။
#PAN