မေလ ၂၅
![](https://positiveanglenews.files.wordpress.com/2023/05/img-1ec9ad306c16de06b8b93d923fba6431-v.jpg?w=1024)
ဗြိတိန်နိုင်ငံ၏ စွန့်ဦးတီထွင်သူ Sir Richard Bransonရဲ့ ဒုံးပျံကုမ္ပဏီကြီး Virgin Orbit သည် ယခုနှစ် ဇန်နဝါရီလတွင် “သတ်မှတ် အချိန်မ တန်မီ” ဒုံးပျံ လွှတ်တင်ခြင်း များပြုလုပ်ခဲ့ ပြီးနောက် ကုမ္ပဏီကြီးတစ်ခုလုံးကို လုံးဝပိတ်သိမ်း ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဒုံးပျံစမ်းသပ်လွှတ်တင်မှုများအပြီး နှစ်လ အကြာတွင် ကုမ္ပဏီကြီး၏ ပိုင်ဆိုင်မှုအများစုကို အပြိုင်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ဗြိတိန်နိုင်ငံ၏ start-up Rocket Lab ကုမ္ပဏီကြီး သို့ ကန်ဒေါ်လာ ၃၆.၄ သန်းဝန်းကျင်ဖြင့် ရောင်းထုတ်ခဲ့ ရပြီး တစ်ကြိမ်တစ်ခါမျှ အမြတ်မရ ရှိခဲ့ဘဲ ၎င်းတို့၏ လုပ်ငန်း ကြီးတစ်ခုလုံး ပိတ်သိမ်း ခဲ့ရတာ ဖြစ်ပါ တယ်လို့ Virgin Orbit ကုမ္ပဏီကြီးက ပြီးခဲ့သည့် မေလ ၂၃ရက်နေ့တွင် တရားဝင် ထုတ်ပြန်ခဲ့ တာ ဖြစ်ပါတယ်
ဗြိတိန် နိုင်ငံသား Sir Richard Branson သည် ကမ္ဘာ့ ကပ်ရောဂါကြီးစတင်သည့် အချိန်ကတည်းက ကန်ဒေါ်လာ ၁.၅ ဘီလီယံခန့်ထိ လုပ်ငန်းငွေများ ဆုံးရှုံးခဲ့ရပြီး ယခုအချိန်ထိ ကန်ဒေါ်လာ ၂.၄ ဘီလီယံ နီးပါး လုပ်ငန်းငွေ အရှုံးပေါ်နေပါတယ်လို့ သတင်းဌာန များ ကဖော်ပြပြောဆိုနေကြပါတယ်။