“Popocatepetl မီးတောင်မှ ပြာများ မီးခိုးများ ပိုမို ထွက်လာသဖြင့် မက္ကဆီကိုရှိ သန်းနှင့်ချီသော လူများကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရ”

မေလ ၂၃

မက္ကဆီကိုနိုင်ငံ၏ အန္တရာယ်အရှိဆုံး မီးတောင်ကြီးမှ လှုပ်ရှားမှုများ တိုးမြင့်လာခဲ့ပြီးနောက် အဆိုပါ မီးတောင်၏ အနီးပတ်ဝန်းကျင်ရှိ လူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားကြရန် နှင့် ကြိုတင်ပြင် ဆင်ထားကြရန် မက္ကဆီကိုရှိ လူသန်းပေါင်းများစွာကို အစိုးရကသတိပေးထား ခဲ့ပြီးဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းရှိ Popocatepetl အမည်ရှိသော အဆိုပါ မီးတောင်ကြီးမှ ပြာများသည် မက္ကဆီကို မြို့တော်အနီးရှိ လေကြောင်းခရီးစဉ်များကို နှောင့်နှေးစေခဲ့ပြီး အာဏာပိုင်များသည် မက္ကဆီကို မြို့တော်ရှိ စာသင်ကျောင်းများကိုလည်း ပိတ်ထားခဲ့ ရပါတယ်။ မက္ကဆီကိုမြို့တော်၏ အရှေ့တောင်ဘက် ၄၅ မိုင်အကွာရှိ မီးတောင်မှ မိုင် ၆၀ အကွာအဝေး တွင် လူဦးရေ ၂၅ သန်းခန့် နေထိုင် နေကြတာဖြစ်ပြီး ပြီးခဲ့သည့် မေလ ၂၂ရက်နေ့တွင် အမျိုးသားအရပ် ဘက်ကာကွယ် ရေးပူးပေါင်း ဆောင်ရွက်မှု အဖွဲ့အစည်း မှ ၎င်းမီးတောင်ပေါက်ကွဲမှုအဆင့်ကို “အဝါရောင်အဆင့် ၃” အဖြစ် တိုးမြှင့် သတ်မှတ်ခဲ့ တာဖြစ်ပြီး မီးတောင်နှင့် ကပ်လျက်ရှိ မြို့ရွာများတွင် နေထိုင်သူလူဦးရေ ၃ သန်းခန့်ကို သတိရှိကြရန်နှင့် ဘေးလွတ်ရာနေရာများ သို့ ရွှေ့ပြောင်းထားကြရန် မက္ကဆီကိုအစိုးရက တောင်းဆိုထားပြီး ဖြစ်ပါတယ်။