Facebook သုံးစွဲသူများ ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အမေရိကန်ထံလွှဲပြောင်းသည့် Meta အား ဥရောပသမဂ္ဂက စံချိန်တင်ဒဏ်ငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ဒဏ်ရိုက်


မေ ၂၄
     
      ဥရောပရှိ Facebook အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အမေရိကန်ပြည်ထောင်စုရှိ ဆာဗာများသို လွှဲပြောင်းခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂ(အီးယူ)က ကိုယ်ရေးကိုယ်တာ ဥပဒေများကို ချိုးဖောက်တဲ့Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ကို စံချိန်တင်ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ဒဏ်ရိုက်ခံခဲ့ရပါတယ်။

       WhatsApp နှင့် Instagram တို့ကိုလည်း ပိုင်ဆိုင်တဲ့  Meta က သုံးစွဲသူများရဲ့ ကိုယ်ရေး ကိုယ်တာအချက်အလက်များကို အမေရိကန်ပြည်ထောင်စုထံ အဆက်မပြတ်လွှဲပြောင်းမှုများ ရှိနေတာကြောင့် စိုးရိမ်မိကြောင်း ဥရောပမှ အချက်အလက် ကာကွယ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ Andrea Jelinek က ပြောကြားခဲ့ပါတယ်။

      Meta အနေဖြင့် ဥရောပအသုံးပြုသူများရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အမေရိကန်ပြည်ထောင်စုထံ လွှဲပြောင်းခြင်းများကို ခြောက်လအတွင်း ရပ်ဆိုင်းရန်လည်း အမိန့်ထုတ်ပြန်ခြင်းခံထားရပါတယ်။

Source; https://www.nytimes.com/2023/05/22/business/meta-facebook-eu-privacy-fine.html#:~:text=Meta%20on%20Monday%20was%20fined,European%20Union%20data%20protection%20rules.

PAN