မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊လောင်းလုံးမြို့၊မြိုနယ်လဝကရုံးကို လူသတ်အကြမ်းဖက် PDF အဖွဲ့က ယနေ့ နံနက် ၁၁ နာရီ ၅၅ မီးနစ်အချိန်ခန်တွင် လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဦးမင်းသိန်းလတ်၊ ၄၄ နှစ် (ဘ)ဦးညွန့်တင်၊ ဒုလဝကမှူး၊မြို့နယ်လဝကဝန်ထမ်း၊(က)ရပ်ကွက်၊ဝန်ထမ်းအိမ်ယာလောင်းလုံးမြို့တွင်နေထိုင်သူသည် ကျည်ထိမှန်သေဆုံးသွားခဲ့ပါသည်။
ဖြစ်စဥ်မှာ ပစ်သတ်ခံရသူသည် ဦးမင်းသိန်းလတ်သည် မြို့နယ်လဝကရုံးအတွင်း၌ တာဝန်ထမ်းဆောင်နေစဥ် လူသတ်အကြမ်းဖက် PDF
အဖွဲ့ဝင် ၈ ဦးသည် ဆိုင်ကယ် ၄ စီးဖြင့် မြို့နယ်လဝကရုံးအတွင်းသို့ ရုတ်တရက်ဝင်ရောက်လာပြီး
သေနတ်ဖြင့် ပစ်ခတ်ခဲ့ကာ လောင်းလုံးမြို့၏အနောက်ဖက် ပညစ်ကျေးရွာဘက်သို့ ၎င်းတို့စီးလာသောဆိုင်ကယ်များဖြင့် ထွက်ပြေးသွားခဲ့သည်။
လူသတ်အကြမ်းဖက် PDF များ၏ သေနတ်ဖြင့် ပစ်ခတ်မှု့ကြောင့် ဦးမင်းသိန်းလတ်၏ဝဲဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိပြီးအခင်းဖြစ်နေရာတွင်သေဆုံးခဲ့သည်။
၎င်းအပြင် အကြမ်းဖက် PDF များသည် မွန်းတည့် ၁၂ နာရီအချိန်တွင် လောင်းလုံးမြို့ရဲစခန်းကို ရဲစခန်း၏အနောက်ဖက် တစ်လမ်းမခြား ကမ္ဘာ့ရတနာဘဏ်နဘေး၊(ဃ)ရပ်ကွက်၊ပြည်သာလမ်းမှ လက်လုပ်သေနတ်ဖြင့် ၂ ချက်ပစ်ခဲ့ရာ လူ၊အဆောက်အဦးထိခိုက်မရှိကြောင်း သတင်းရရှိပါသည်။