မေလ ၂၄
ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ် Mikhail Mishustin သည် တရုတ်နိုင်ငံသို့ရောက်ရှိနေပြီး တရုတ် ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် Li Qiang နှင့် တွေ့ဆုံရာတွင် Mikhail Mishustin က နှစ်နိုင်ငံကြား နယ်စပ် ဖြတ်ကျော် ကုန်သယ်ရေး ဆိုင်ရာများတွင် တရုတ်နိုင်ငံ Yuan နှင့် ရုရှားနိုင်ငံ၏ rubles ငွေကြေး အသုံးပြုမှု သဘောတူညီချက်တွင် ၇၀ ရာခိုင်နှုန်းနီးပါးထိ အသုံးပြု ထားကြပြီးဖြစ်ကြောင်း ယနေ့မေလ ၂၄ရက်နေ့တွင် ပြောကြား ခဲ့တာဖြစ်ပါတယ်။
ရုရှားနိုင်ငံ နှင့် တရုတ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးများတွင် နိုင်ငံသုံးငွေကြေးများဖြစ်သည့် rubles နှင့် Yuan ငွေကြေးတို့ဖြင့် ဆောင်ရွက် အသုံးပြု နေကြပြီဖြစ်တယ်လို့ ၎င်းက ပြောကြားခဲ့ တာဖြစ်ပြီး စွမ်းအင်ကဏ္ဍဆိုင်ရာများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ သည် နှစ်နိုင်ငံကုန် သွယ် ရေးတွင် မဟာဗျူဟာမြောက် ဖြစ်လာကြောင်း ၎င်းက အလေးပေးပြော ကြားခဲ့တာဖြစ်ပါတယ်။
“ရုရှားဟာ တရုတ်နိုင်ငံသို့ ရေနံတင်ပို့မှုများသည် ပထမဦးစားပေးဖြစ်ပြီး သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနှင့် လျှပ်စစ်ပစ္စည်း တင်ပို့မှုများမှာ လည်း ပိုမိုကြီးထွားလာနေပါတယ်” လို့ ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ် Mikhail Mishustin ထပ်လောင်း ပြောကြား ခဲ့တာဖြစ်ပါတယ်။