“မိုခါ” မုန်တိုင်းဘေးဒဏ်သင့်ဒေသများ၌ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက် ကိုရီးယားသမ္မတနိုင်ငံ၊ President of Korea-Myanmar Friendship Interchange Association မှ အလှူငွေလာရောက်ပေးအပ်

မေ ၂၆

ဆိုင်ကလုန်း မိုခါ (MOCHA) မုန်တိုင်းဘေးဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ ဆိုးလ်မြို့ အခြေစိုက် Korea-Myanmar Friendship Interchange Association ဥက္ကဋ္ဌ Ven. Mok Tak က အလှူငွေ အမေရိကန်ဒေါ်လာ ၃,၀၀၀ (အမေရိကန်ဒေါ်လာသုံးထောင်တိတိ) ကို ၂၆-၅-၂၀၂၃ ရက် (သောကြာနေ့)၊ ကိုရီးယားဒေသစံတော်ချိန် မွန်းလွဲ (၁၄:၃၀) နာရီအချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့သို့လာရောက်၍ ပေးအပ်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်က အလှူငွေများကို လက်ခံခဲ့ပါသည်။

ထို့နောက် သံအမတ်ကြီး ဦးသန့်စင်က မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် လိုအပ်ချက်များကို ပံ့ပိုး ပေးသည့်အတွက် မြန်မာအစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်းနှင့် အလှူငွေများအား မြန်မာနိုင်ငံသို့ ဆက်လက်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျေးဇူးတင်လွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း
နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။

#PAN