“မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် Russia Knights များ”

မေလ ၂၄

The Russian Knights Aerobatic Team လို့အမည်ပေးထားသော ရုရှားနိုင်ငံ၏ အာကာသဆိုင်ရာ စစ်ဆင်ရေးလေတပ် အုပ်စု အဖွဲ့ သည် မလေးရှားနိုင်ငံတွင် မေလ ၂၃ ရက်နေ့မှ ၂၇ရက်နေ့ ထိ ကျင်းပ ပြုလုပ်နေသည့် မလေးရှား နိုင်ငံ၏ ၁၆ ကြိမ်မြောက် Langkawi International Maritime and Aerospace Exhibition ပြပွဲကြီးတွင် ပါဝင်နိုင်ရန် မလေးရှားနိုင်ငံသို့ ပြီးခဲ့သည့် မေလ ၂၃ရက်နေ့တွင် ရောက်ရှိ လာခဲ့ကြတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံတွင် ကျင်းပပြုလုပ်နေသော Langkawi International Maritime and Aerospace Exhibition, LIMA 2023 ၏ ၁၆ ကြိမ်မြောက်တရားဝင် အခမ်းအနား ကြီးသည် အာရှ-ပစိဖိတ်ဒေသ၏ အကြီးမားဆုံး ရေကြောင်း နှင့် အာကာသဆိုင်ရာ ပြပွဲများထဲမှ တစ်ခုအပါဝင်ဖြစ်ပါတယ်လို့ သတင်းဌာနများက ဖော်ပြပြောဆ်ိုနေကြပါတယ်။