ဗင်နီရှပ်ရဲ့အနီကတ်ကို ပယ်ဖျက်ပြီး ဗလင်စီယာကို ပြစ်ဒဏ်ချပြီ

ဗလင်စီယာနှင့်ပွဲမှ ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီရှပ်၏ အနီကတ်ကို ပယ်ဖျက်ပေးခဲ့ပြီး ယနေ့ကစားမည့် ဗယ်လက်ကာနိုနှင့်ပွဲတွင် ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗင်နီရှပ်ကို လူမျိုးရေးခွဲခြားသည့် ပရိသတ်များ၏ လုပ်ရပ်ကြောင့် ဗလင်စီယာအသင်းအား ဒဏ်ငွေ ယူရို ၄၅၀၀၀ နှင့် အိမ်ကွင်း မက်စ်တဲလား ပွဲကြည့်စင်အချို့ကို ငါးပွဲပိတ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

Photo: B/R Football