ပ​​​လောက်​မြို့နယ်တွင် တပ်မတော်သားများ လိုက်ပါလာသည့် မော်တော်ယာဥ်ကို လူသတ်အကြမ်းဖက် PDF များက မိုင်းခွဲတိုက်ခိုက်


မေ ၂၄

     ယနေ့ နံနက် ၅နာရီခွဲအချိန်ခန့်တွင် တနင်္သာရီ တိုင်းဒေသကြီး၊ပလောက်မြို့၊အမှတ်(၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ပုလောအမှတ်(၂၈၅)ခြေလျှင်တပ်ရင်းသို့ ဆင်းလာသော တပ်မတော်သားအင်အား ၃၀ခန့်လိုက်ပါလာသော မော်တော်ယာဥ်ကို လူသတ်အကြမ်းဖက် PDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

     ဖြစ်စဥ်မှာ နန်းပရုပ်ကျေးရွာအနီးပြည်ထောင်စုကားလမ်းမပေါ်၌ အဆိုပါယာဥ်ကို အကြမ်းဖက် PDF များက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ကားရှေ့လေကာမှန်ကွဲသွားပြီး တပ်မတော်သားများထိခိုက်မှုမရှိပဲ နံနက် ၇နာရီအချိန်ခန့်တွင် အမှတ် (၂၈၅)ခြေလျှင်တပ်ရင်းသို့ ရောက်ရှိလာကြောင်းသိရှိရသည်။

    အလားတူ နံနက် ၁ဝနာရီခွဲအချိန်ခန့်တွင်အမှတ်(၂၈၅)ခြေလျှင်တပ်ရင်းအနီး မကျီးကုန်းကျေးရွာရှိ တပ်ကင်းစခန်းကုန်းကို လူသတ်အကြမ်းဖက် PDF အဖွဲ့ အင်းအား ၃၀ ဦးခန့်က လာရောက်တိုက်ခိုက်ခဲ့ပြီး မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ပစ်ခတ်မှုများရပ်သွားခဲ့ကြောင်းနှင့်  ထိခိုက်သေဆုံးမှု့ရှိ/မရှိ အတည်မပြုနိုင်သေးကြောင်း သတင်းရရှိပါသည်။

PAN